ကွန်တိန်နာအတွင်း ပစ္စတိုသေနတ်၁လက်နှင့် ကျည်ကဒ်များပါဝင်သည့်
ကွန်တိန်နာအား ဆိပ်ကမ်းတွင် လုံခြုံရေးအရ အကောက်ခွန်ဦးစီးဌာနမှသာ
စစ်ဆေးခဲ့သဖြင့် ယင်းဌာနတွင်
တာဝန်ရှိကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင်ပါဝင်သည့် တာဝန် ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရပါသည်။
''ကွန်တိန်နာကို ဆိပ်ကမ်းမှာ လုံခြုံရေးအရစစ်ဆေးခဲ့တာ
အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနတွေမပါဘူးဆိုတာ
စစ်ဆေးတွေ့ရတယ်။ ဒါကြောင့်မို့ အကောက်ခွန်ဦးစီးဌာနမှာ တာဝန်ရှိတယ်ဆိုတာ
တွေ့ရှိရပါတယ်'' ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်၊ခဲယမ်းများ
တွေ့ရှိမှုအပေါ် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍
စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအား
အောက်တိုဘာလ၁၀ရက်နေ့တွင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရဲမှူးကြီးမြင့်အေးက ယင်းနေ့တွင်
ပြောကြားခဲ့ပါသည်။
ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ခရိုင်ရဲမှူးကြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
ယင်း ကွန်တိန်နာအား မြန်မာနိုင်ငံရှိ ဒိုင်းမွန်းစတား ကုမ္ပဏီက
ပါကစ္စတန်နိုင်ငံရှိ Hassan All Rice Export ကုမ္ပဏီက စင်ကာပူနိုင်ငံမှ
တဆင့်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် သီလ၀ါ
ဆိပ်ကမ်းရှိ X-rays စက်မှာ ချို့ယွင်းနေသဖြင့် စူးထိုး၍ စစ်ဆေးခဲ့ကြောင်း
သိရသည်။
အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန်
ဆိပ်ကမ်း၊MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင် ရောက်ရှိပြီး၊
၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်း စတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ
၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ရက်တွင် ကွန်တိန်နာ
၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ
ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှ
တင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ(BLZU -2118418)အား ဖွင့်ဖောက်ရာ ဂျုံ
စေ့များထဲမှ အိတ်တအိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊
၎င်းကျည်၁၅တောင့်နှင့် ကျည်ကဒ် ၂ခုတို့အား တွေ့ရှိခဲ့သည်။
သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတား ကုမ္ပလီမီတက်မှ
အထွေထွေမန်နေဂျာ ဒေါ်ချောကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ သွားရောက်သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။
Eleven Media Group
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago