11.10.2012
ဆိုင်ခန်းတွေ၊ တည်းခိုခန်းတွေကို လေလံချထားပေးခြင်း မရှိပဲ
ကိုယ့်နီးစပ်ရာလူတွေကိုပဲ ပြန်လည်ချထားပေးတဲ့အပေါ် မကျေနပ်လို့
ဆိုင်ခန်းပိုင်ရှင်တွေ တည်းခိုခန်းပိုင်ရှင်တွေကနေ ကျိုက်ထီးရိုးစေတီတော်
ဂေါပက အဖွဲ့ကို မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်မယ့် အစီအစဉ်ဟာ နေပြည်တော် တာဝန်ရှိသူတွေဆီက ခွင့်ပြုချက် မရတာကြောင့် ဒီကနေ့ မနက် မဖြစ်မြောက်ဘူးလို့ သတင်းသွားယူတဲ့ သတင်းထောက်တစ်ယောက်က ပြောပါတယ်။
ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူတွေက လက်ရှိ သက်တမ်း ၁၁နှစ် ရှိပြီဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့ ပြန်လည်
ဖွဲ့စည်းရေးကိုပါ တောင်းဆိုမယ်လို့ သိရပါတယ်။
အလားတူ စေတီတော် ဂေါပက အဖွဲ့နဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ချို့ ဒီကနေ့မနက် စည်းဝေးကြပြီး ဆန္ဒပြသူတွေကြောင့် ဘုရားဖူးလျော့နည်းသွားမှာကို စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ကျိုက်ထိုမြို့မှာ တန်ပြန်ဆန္ဒပြကြမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
DVB