Headlines News :
Home » » ရာမူးမြို့က ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ခံရမှုမှာ (ဘီအန်ပီ) က အမတ် ပါဝင် ပါတ်သတ်တယ်လို့  ရှိတ်ဟာဆီးနာ ပြော

ရာမူးမြို့က ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ခံရမှုမှာ (ဘီအန်ပီ) က အမတ် ပါဝင် ပါတ်သတ်တယ်လို့  ရှိတ်ဟာဆီးနာ ပြော

Written By လွင့်မောင်မောင် on Tuesday, October 9, 2012 | 3:50 PM

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ ရာမူးမြို့က ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ခံရတဲ့ နေရာတွေကို မနေ့က လာရောက်ကြည့်ရှု့ခဲ့ပါတယ်။ အဲဒီမှာ ၀န်ကြီးချုပ်ဟာ ချစ်ကြည်ရင်းနှီးမူကို ဖေါ်ပြတဲ့ အနေနဲ့ လူထု ဟောပြောပွဲ တစ်ခုကိုလည်း ပြုလုပ်သွားခဲ့ပါတယ်။

အဲဒီ လူထု ဟောပြောပွဲမှာ ၀န်ကြီးချုပ်က ပြစ်မူကျူးလွန်သူတွေကို ဖေါ်ထုတ်အရေးယူပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကို ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် သူမ ပြောကြားသွားတာတွေ အထဲမှာ အခု လက်ရှိ စစ်ဆေးတွေ့ရှိချက်တွေအရ ဘုန်းတော်ကြီး ကျောင်းတွေ ကို မီးမရှို့မှီ အတိုက်အခံပါတီ (ဘီအန်ပီ) က လွှတ်တော် အမတ်ဟာ အဲဒီ နေရာကို ရောက်ရှိလာပြီး လူတွေကို တစ်ခု ခု ပြောပြီး ပြန်သွားစဉ်မှာဘဲ  ထောင်ချီတဲ့ လူတွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ အိမ်တွေ ကို မီးတင် ရှို့ခဲ့ကြတယ်လို့ ပြောဆိုပါတယ်။
“ ဒေသခံလူထုတွေက အဲဒီမှာ အတိုက်အခံ အမတ် ဘာတွေ ပြောသွားသလဲဆိုတာကို သိချင်နေကြတယ်။ ကျွန်မတို့ အ၀ါမီလိဂ်ပါတီ အနေနဲ့ ဘယ်တော့မှ ပြည်သူတွေရဲ့ အေချမ်းစွာနေထိုင်မူကို ထိခိုက်အောင် လုပ်တာ မရှိခဲ့ဘူး” လို့လည်း ပြောဆိုပါတယ်။
လူထု အစည်းအဝေးကို ရခိုင်သူဌေးကြီး ဦးချီးဇားရီ တည်ထောင်ခဲ့တဲ့ ရာမူး (ပန်းဝါ) မြို့  အစိုးရ အထက်တန်း ကျောင်းထဲ က ကွင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
ပြစ်မူကျူးလွန်သူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်လိုတဲ့ အတွက် ဓါတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို ပုံတူးကူးပြီး ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
သူတို့ (ပြစ်မူကျူးလွန်သူ)တွေကို နောက်နောင် ဒီလို ပြစ်မူတွေကို မကျုးလွန်ရဲအောင် ပြင်းပြင်းထန်ထန် အပြစ်တွေ ပေး သွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။ သူတို့ကိုလည်း အမြန်ဆုံး ဖေါ်ထုတ် အရေးယူသွားမယ် လို့လည်း ပြောဆိုသွား ပါတယ်။
ဒေသခံ ပြည်သူတွေအနေနဲ့လည်း ကော်မီတီတစ်ရပ်ကို စုပေါင်း ဖွဲ့စည်းပြီး ဒီလို တိုက်ခိုက်မူတွေကို တားဆီးကာကွယ် သွားကြဖို့နဲ့  သူမရဲ့ ဘင်္ဂလာဒေခ်ျ့ လူထုကိုလည်း ဘယ်သူဘဲ ဖြစ်ဖြစ် လူနည်းစုတွေအပေါ် စိတ်ထိခိုက် မူတွေ ဖြစ်ပေါ်အောင် မလုပ်ကြဖို့နဲ့ ခုလို တိုက်ခိုက်မူတွေကို ဖြစ်ပေါ်အောင် သွေးထိုးပင့်ကော်မူတွေ မလုပ်ကြ ဖို့လည်း ဆော်သြသွားပါတယ်။
အမူမှန် ပေါ်ပေါက်အောင် စုံစမ်း စစ်ဆေးမူတွေကို ကူညီကြဖို့မှာကြားပါတယ်။ ခုတိုက်ခိုက်မူဟာ  ကြိုတင် စီစဉ် ပြီးမှ ပြု လုပ်တာ ဖြစ်ပုံရတယ်လို့လည်း ၀န်ကြီးချုပ်က ပြောဆိုပါတယ်။

ဒါ့ပြင်သူမက အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း အစ္စလာမ်ဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်။ ကျွန်မတို့ အနေနဲ့ တမန်တော်ကို ဘာတွေ ပြောသွားသလဲ ဆိုတာကို သိရှိဖို့လိုတယ်။ သူတစ်ပါး ဘာသာအပေါ် ၀င်ရောက် ချယ်လှယ် နှောင့်ယှက်တာမျိုးတွေကို ပြုလုပ်ဖို့ ခွင့်မပြုခဲ့ဘူးလို့လည်း ပြောဆိုပါတယ်။ ဒါကြောင့် ခုတိုက် ခိုက်မူကို ပြုလုပ်သူတွေဟာ ဘာသာတစ်ခုခု အပေါ်မှာ လေးနက် ယုံကြည်ကြသူတွေ မဟုတ်ကြဘူး လို့လည်း ပြောဆို သွားပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ သူမဘေးမှာထိုင်နေတဲ့ ရာမူးမြို့က အကြီးဆုံးဆရာတော်တစ်ပါး ဖြစ်တဲ့ Satyapriya မဟာထေရ်ကို ဖိတ်ခေါ်ပြီး စကား ပြောခိုင်းပါတယ်။
ဆရာတော်က မိန်းခွန်းပြောရာမှာ “ သူ့အနေနဲ့ ဒီလို အဖြစ်ဆိုးတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့ အကြောင်းနဲ့ ဘာသာရေး မတူညီတဲ့ လူမျိုးတွေ အကြားမှာ သဟဇာတဖြစ်မူနဲ့  အဆင်ပြေပြေ နေထိုင်နိုင်မူ ဖြစ်အောင် ထိန်းသိမ်းကြဖို့ အားလုံးသူကို မေတ္တာရပ်ခံကြောင်း” တိုက်တွန်း ပြောဆိုသွားပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာဟာ သူမရဲ့ ခရီးစဉ် အတွင်းမှာ တိုက်ခိုက်မူ အတွင်း ထိခိုက်ခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ မိသားစုတွေ အတွက် တာကာငွေ  ၂ ဒဿမ ၄၈ ကုဋေ နဲ့ အတူ ဆန်မက်ထရစ်တန်ချိန် ၃၅ ဒဿမ ၄၂ တန်နဲ့ အိမ်မိုး သွပ် ၃၀၇ ချပ်၊ စောင်၂၄၆ နဲ့ တခြား လူသုံး ပစ္စည်း အမြောက်အများကို  ပေးအပ် လှူဒါန်းသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ အတူ တခြား ၀န်ကြီးတစ်ဒါဇင်ခန့်  လိုက်ပါလာပြီး သီးခြား အစည်းအဝေးတွေကိုလည်း အစိုးရ အရာရှိတွေ နဲ့ ကော့စ်ဘဇားမြို့မှာ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template