Headlines News :
Home » » ရခိုင်ပြည်နယ်စစ်တွေမြို့ ရှိဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် OIC အဖွဲ့အစည်း အားဆန့်ကျင်ခြင်းနှင့် အခြားလိုလားချက်များတောင်း ဆိုခဲ့ သည့် ဆန္ဒထုတ်ဖော်ပွဲပြီးဆုံး

ရခိုင်ပြည်နယ်စစ်တွေမြို့ ရှိဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် OIC အဖွဲ့အစည်း အားဆန့်ကျင်ခြင်းနှင့် အခြားလိုလားချက်များတောင်း ဆိုခဲ့ သည့် ဆန္ဒထုတ်ဖော်ပွဲပြီးဆုံး

Written By လွင့်မောင်မောင် on Tuesday, October 9, 2012 | 7:56 PM

 
ရခိုင်ပြည်နယ်စစ်တွေမြို့ ရှိဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် OIC အဖွဲ့အစည်း အားဆန့်ကျင်ခြင်းနှင့်အခြားလိုလားချက်များတောင်းဆိုခဲ့သည့် ဆန္ဒထုတ်ဖော်သူများသည် လက်ရှိအချိန်တွင် ဆန္ဒထုတ်ဖော်မှုရပ်တန့်ကာ လူစုခွဲ၍ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ထွ က်ခွာသွားကြပြီဖြစ်သည်။
ဆန္ဒဖော်ထုတ်နေသော သံဃာတော်များကို အားပေးနေကြသည့် စစ်တွေမြို့ခံများ။(ဓါတ်ပုံ/သတင်း ပန်းလမ်း(စစ်တွေ))

စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေသောသံဃာတော်များ၊

ယနေ့နေ့လည် ၂နာရီ ခန့်က စစ်တွေမြို့ပေါ် မဟာအောင်မြေရပ်ကွက် မှစတင်၍ ဖိုးသာရွာလမ်းအတိုင်း လမ်းလျှောက်ချီတက် စံပြရွာအထိ ဆန္ဒထုတ်ဖော်ပြီး စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ထောင်ကျော်မှ ဘုန်းကြီးအပါး ၁၅၀၀ ခန့်နှင့် လူအင်အား ၂၀၀၀ ကျော်တို့သည် ၄င်းတို့လိုလားချက်များဖြစ်သည့်

...“မြန်မာနိုင်ငံ၌ OIC အလိုမရှိ ၊ ရခိုင်ပြည်နယ်၌ OIC အလိုမရှိ ၊

နှစ်ဘက်စလုံးငြိမ်းချမ်းစွာနေနိုင်ရေးအတွက် အောင်မင်္ဂလာအား မြို့အပြင်သို့ထုတ်ပေးပါ ၊

ငြိမ်းချမ်းစွာ နေထိုင်သည့် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် အပြည့်အ၀ တာဝန်ယူကာကွယ်ပေးပါ ၊

တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့် ပတ်သတ်၍ ပြတ်ပြတ်သားသားမိန့်ကြားခဲ့သည့် နိုင်ငံတော်သမ္မတကြီးအားထောက်ခံပါသည်။”

ဟူသောစာတန်းများ ချိတ်ဆွဲ ကြွေးကြော် လျက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့သို့ချီတက်ခဲ့ကြပြီး ညနေ ၃နာရီခွဲခန့်တွင် လူစုခွဲခန့်ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး တာဝန်ယူထားကြောင်းသိရသည်။

News from : Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template