Headlines News :
Home » » ၂၀၁၂ ခုနှစ် ဓာတုဗေဒနိုဘဲလ်ဆု အမေရိကန်နှစ်ဦး ရရှိ

၂၀၁၂ ခုနှစ် ဓာတုဗေဒနိုဘဲလ်ဆု အမေရိကန်နှစ်ဦး ရရှိ

Written By လွင့်မောင်မောင် on Thursday, October 11, 2012 | 12:16 AM


အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ ရောဘတ်လက်ဖ်ကိုဝဇ် (Robert Lefkowitz) နဲ့ ဘရိုင်ယန်ကိုဖီကာ (Brian Kobilka) တို့ကို ၂၀၁၂ ခုနှစ်အတွက် ဓာတုဗေဒပညာ နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း မြို့မှာရှိတဲ့ ဆွီဒင်တော်ဝင်သိပ္ပံတက္ကသိုလ်ကနေ အမေရိကန်ဓာတုဗေဒ သိပ္ပံပညာရှင်နှစ်ယောက်ကို နိုဘဲလ်ဆု ချီးမြှင့်ဖို့ ရွေးချယ်လိုက်ကြောင်း ဒီကနေ့ ကြေညာလိုက်တာပါ။

Robert Lefkowitz နဲ့ Brian Kobilka တို့က ဆေးဝါးတွေကို လူ့ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် လက်ခံယူတဲ့ နေရာမှာ Cell (ကလပ်စည်း) တခုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ G-protein ကို ခွဲခြမ်းစိတ်ဖြာ သုတေသနလုပ်နိုင်ခဲ့တာကြောင့်အခုလို နိုဘဲလ်ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်က ပါမောက္ခ Robert Lefkowitz က သူအိပ်နေချိန်မှာ တယ်လီဖုန်းနဲ့ ဒီသတင်းကို အကြောင်းကြားခဲ့တာဖြစ်လို့ အံသြတုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

ပါမောက္ခBrian Kobilka ကတော့ California ပြည်နယ် Stanford တက္ကသိုလ်က ဓာတုဗေဒသိပ္ပံပညာရှင်ဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template