Headlines News :
Home » » တာဆမ်ပူးက ရှမ်းတပ်များ ဆုတ်ပေးရန် အစိုးရက ထပ်မံ တောင်းဆို

တာဆမ်ပူးက ရှမ်းတပ်များ ဆုတ်ပေးရန် အစိုးရက ထပ်မံ တောင်းဆို

Written By လွင့်မောင်မောင် on Thursday, October 11, 2012 | 4:17 PM


11.10.2012
မိုင်းရှူးမြို့နယ် တာဆမ်ပူး ကူးတို့ဆိပ်မှာ တပ်စွဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ – ရှမ်းပြည်တပ်မတော် (SSPP-SSA) တပ်ဖွဲ့များ အောက် တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ပေးရ ...န်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တစ်ဦးက အကြောင်းကြားလိုက် တယ်လို့ သိရ ပါတယ်။

ဒီကနေ့ မနက်မှာပဲ ရှမ်းပြည်နယ် အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က ရှမ်းပြည်တိုးတက်ရေးပါတီ ငြိမ်း ချမ်း ရေးဖော်ဆောင်မှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး နော်လိတ် ဆီကို ဖုန်းဆက် အ ကြောင်းကြား ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ စာနဲ့တရား ဝင် အကြားကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က – တာဆမ်ပူး ကူးတို့ဆိပ်က ကျနော်တို့တပ်တွေကို အစိုး ရက အခုလို ဆုတ်ခိုင်းတာနဲ့ ပတ်သက်လို့ ဆုတ် မဆုတ် ဆိုတာကို ကျနော်တို့ အစည်းအ ဝေး ထိုင်ပါဦးမယ်။ အခုချက်ခြင်း အဖြေ ပေးလို့ မရသေးဘူး။ ဒီနေရာမှာ ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေး လုပ်ကတည်းက ကျနော်တို့ တပ်တွေ နေလာတာ။ တာဆမ်ပူ ကူးတို့ဆိပ်ဟာ ကျနော်တို့ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်တဲ့အပြင် ကျနော်တို့ရဲ့ ခနောက်စိမ်း လုပ်ကွက်တွေလည်း ရှိတယ် – လို့ ကော့လီ ကို ပြောပါ တယ်။

တာဆမ်ပူး ကူးတို့ဆိပ်မှာ ရှိတဲ့ ရှမ်းပြည်တပ်မတော် တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း ရွှေ့ပေးဖို့ အစိုးရဘက်က ဖိအား ပေးခဲ့ ဖူးတာမို့လို့ အခုတစ်ခါကတော့ ဒုတိယအကြိမ် ထပ်မံဖိအားလာတာလည်း ဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းများအရ အစိုးရဘက်အနေနဲ့ မိုင်းနောင်-မိုင်းစန် ကားလမ်းဖောက်လိုပြီး တာဆမ်ပူးမှာ နမ့်ပန် မြစ်ကူးတံတား ဆောက် ဖို့အတွက် အစီအစဉ်ရှိတယ်လို့ ဒေသခံများအဆိုအရ သိရပါတယ်။

ကော့လီ Shan News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template