Headlines News :
Home » » အမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံးလေယာဉ်တင် သင်္ဘောကြီး (၂)စီး အရှေ့တောင် အာရှဒေသအတွင်းသို့ ရောက်ရှိ

အမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံးလေယာဉ်တင် သင်္ဘောကြီး (၂)စီး အရှေ့တောင် အာရှဒေသအတွင်းသို့ ရောက်ရှိ

Written By လွင့်မောင်မောင် on Friday, October 12, 2012 | 3:25 PM


Friday, 12 October 2012
 Air_shipddsssssecအမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး အဆင့်မြင့် လေယာဉ်တင် သင်္ဘောကြီး (၂) စီးဖြစ်သော USS John C.Stennis နှင့် USS George Washington တို့သည် ယခု အပတ်အတွင်း အာဆီယံ ဒေသသို့ ရောက်ရှိ လာခဲ့သည်။ ယနေ့ (၉-၁၀-၂၀၁၂) ရက်နေ့တွင် လေယာဉ်တင် သင်္ဘော USS John C. Stenni s သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်း ခြေတွင် ၎င်း၊ USS George Washington သည် မလေးရှားနိုင်ငံ port klang ဆိပ်ကမ်းတွင်၎င်း ရပ်နားထားကြောင်း သိရှိရသည်။

ယခုကဲ့သို့ အာဆီယံ နိုင်ငံများသို့ အမေရိကန် လေယာဉ်တင် သင်္ဘော (၂) စီး၊ တစ်ချိန်တည်း တစ်ပြိုင်တည်းရောက် ရှိနေသည်မှာ သာမန် တိုက်ဆိုင်မှုမျိုး မဟုတ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ အချို့က ယခုကဲ့သို့ အာဆီယံ ဒေသအတွင်းသို့ အမေရိကန် လေယာဉ်တင် သင်္ဘော(၂)စင်း ရောက်ရှိနေခြင်းမှာ အမေရိကန်သမ္မတ အိုဘားမား အရှေ့တောင် အာရှနိုင်ငံများသို့ လာရောက် လည်ပတ် လိမ့်မည်ဟု ခန့်မှန်း ပြောဆိုကြသည်။

မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန် အမေရိကန်သို့ သွားရောက်လည်ပတ်စဉ် ထုတ်ပြန် ကြေငြာချက်များအရ သမ္မတ အိုဘားမား အနေဖြင့် ၎င်း၏သမ္မတ ပထမသက်တမ်းမကုန်ခင် မြန်မာနိုင်ငံသို့ သွားရောက်လည် ပတ်မည်ဟု ပြောဆို ကြေငြာထားသောကြောင့် ၄င်းလေယာဉ်တင် သင်္ဘောကြီး (၂) စီး၏ လှုပ်ရှားမှုသည် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းကြသည်။

ရွှေဟင်္သာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template