Headlines News :
Home » » ဖားကန့် လုံးခင်း၌ တိုက်ပွဲများပြင်းထန်၊ ထိခိုက်ဒဏ်ရာမရှိ

ဖားကန့် လုံးခင်း၌ တိုက်ပွဲများပြင်းထန်၊ ထိခိုက်ဒဏ်ရာမရှိ

Written By လွင့်မောင်မောင် on Tuesday, October 9, 2012 | 3:54 PM

 
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာနှင့် တစ်မိုင်ဝန်းကျင်အတွင်း မြန်မာ့တပ်မတော်နှင့် KIA စစ်တပ်တို့ အောက်တိုဘာ (၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွား လျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

လုံးခင်း အ.ထ.က ကျောင်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၍ ကျောင်းဈေးတန်းသို့ အနည်းငယ်ထိခိုက် မိခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်းနှင့် တိုက်ပွဲမှာ ခဏသာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

နံနက် (၉) နာရီ ၀န်းကျင်မှ စတင်ကာ မိုးကောင်းဘက်မှ ချီတက်လာသော တပ်မတော် စစ်ကြောင်းအား လုံးခင်းကျေးရွာနှင့် နှစ်မိုင်ဝန်းကျင်အကွာရှိ နှစ်မျက်နှာဘုရား တောင်ကြောပေါ်မှ နေ၍ KIA စစ်တပ်များဘက်မှ ၀င်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အစက နှစ်မိုင်အကွာလောက်မှာဖြစ်နေကြတာ။ တိုက်ပွဲဖြစ်ပြီး မိနစ်လေးဆယ်လောက်ကြာတော့ တစ်မိုင်အကွာလောက် အထိ ရောက်လာတယ်။ အခုထိ ပစ်နေကြတုန်းပဲ လက်နက်ကြီးတွေနဲ့လည်း ပစ်ကြတယ်”ဟု လုံးခင်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ထွန်းဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားချိန်သည် ကျောင်းတက်ချိန်ဖြစ်နေသောကြောင့် အ.ထ.က လုံးခင်း(တွဲဖက်) စာသင်ကျောင်းမှ ကျောင်းသားများကို ကျေးရွာ အုပ်ချုပ်ရေးမှုများနှင့် ကျောင်းမှ တာဝန်ရှိသူများမှ ကြီးကြပ်၍ ကျောင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျောင်းရဲ့ မျက်နှာချင်းဆိုင်နားမှာ စစ်တပ်ကုန်းရှိနေတော့ တိုက်ပွဲဖြစ်ပြီး နာရီဝက်လောက်အထိ ကျောင်း ပြန်မလွှတ်သေးဘူး။ နည်းနည်းကြာမှ မိဘတွေကလည်း လာခေါ်ကြတယ်။ သက်ဆိုင်သူ တွေကလည်း ကြီးကြပ်ပြီးတော့ ကျောင်သားတွေကို ပြန်ပို့ပေးကြတယ်”လုံးခင်း ဒေသခံတစ်ဦး ကပြောသည်။

တိုက်ပွဲကြောင့် ကားလမ်းခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားရပြီး လုံးခင်းကျေးရွာနှင့် အနီးတ၀ိုက် ကျေးရွာအုပ်စုများမှ ဈေးများ၊ ဆိုင်များလည်း ပိတ်ထားရပြီး ဒေသခံများလည်း အပြင်သို့မထွက်ရဲကြပဲ အိမ်များအတွင်း၌သာ ခိုအောင်းနေကြသည်ဟု ဒေသခံတို့က ဆိုသည်။

ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template