Headlines News :
Home » » ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ရက်လည်ဆွမ်းကျွေးကို ၁၆၊ ၁၀၊၁၂ (တနင်္ဂနွေနေ့) နံနက်၊ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်၌ ပြုလုပ်မည်

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ရက်လည်ဆွမ်းကျွေးကို ၁၆၊ ၁၀၊၁၂ (တနင်္ဂနွေနေ့) နံနက်၊ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်၌ ပြုလုပ်မည်

Written By လွင့်မောင်မောင် on Thursday, October 11, 2012 | 8:49 AM

ဗိုလ်ချုပ်ကျော်ဇော မိသားစု။ ဓါတ်ပုံ -- Hnin Hnin Hmway
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ( ၁၂၈၁-၁၃၇၄) ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ငယ်နာမည် -ကိုရွှေ)ကို ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဆိုင်းစုကျေးရွာ၌ (အဖ-ဦးပန်း၊ အမိ- ဒေါ်မယ်တင်) တို့မှ ၁၉၁၉၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

ဗ...ိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဗမာ့ လွတ်လပ်ရေးတပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ပြီး ဗမာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၀၊၁၀၊၂၀၁၂ နံနက် ၃း၀၀ နာရီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော ဦးအောင်ကျော်ဇော၊ သားသမီးသုံးဦး ကျန်ရစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ရက်လည်ဆွမ်းကျွေးကို ၁၆၊ ၁၀၊၁၂ (တနင်္ဂနွေနေ့) နံနက်၊ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်၌ ပြုလုပ်မှာ ဖြစ်ပါတယ်။

 မူရင်းသတင်း၊ ဓါတ်ပုံ -- Hnin Hnin Hmway
 အေးချမ်းမွန်မှစေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template