SUNDAY, 07 OCTOBER 2012
ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေးဦးကို ၂၀၁၂-ခုနှစ် အောက်တိုဘာလ ( ၇ )ရက်နေ့တွင် ထပ်မံဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေသ လက်ပံချောင်းကျေးရွာတွင် ဖမ်းဆီးရရှိသည် ဖြစ်ကြောင်းသိရှိရပါသည်။
“ ခိုးဝင်လာတဲ့ ဘင်္ဂလီလေးဦးကို လက်ပံချောင်းကျေးရွာမှာ ဖ
မ်းဆီးရရှိ ခဲ့တာ သေချာပါတယ်။ အခု စစ်ဆေးဆဲပါ ။ နောက်ရက်မှာ သတင်းအချက်အလက် တရားဝင် ထုပ်ပြန်ပေးမှာပါ ”ဟု ကလေးမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာလ (၇) ရက်နေ့ညပိုင်းတွင် ပြောကြားခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းသို့ တစ်ဖက်အိန္ဒိယနိုင်ငံမှတဆင့် နိုင်ငံခြားသားများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီလူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်ကိုဖြတ်ကျော်၍ လမ်းကြောင်းလေးခုဖြင့် တရားမ၀င် ၀င်ရောက်လာနိုင်သည်ဟု သိရှိရပါသည်။
အဆိုပါလမ်းကြောင်းများမှာ -
(၁) အိန္ဒိယနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံဟုမ္မလင်း၊ ခန္တီးမြို့နယ်များသို့ ဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် လမ်းကြောင်း၊
(၂) အိန္ဒိယနိုင်ငံနယ်စ်မှ မြန်မာနိုင်ငံချင်းပြည်နယ်ကိုဖြတ်ကျော်၍ ကလေး-ကလေးဝ-မင်းကင်း-ဂန့်ဂေါမြို့တို့မှတဆင့် မုံရွာမြို့သို့ ရေယာဉ်လမ်း ၊/ကားလမ်း/တောလမ်း အတိုင်းခြေလျင်လမ်းကြောင်း၊
(၃) အိန္ဒိယနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံတမူးမြို့နယ်ကို ဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ကလေးဝ-မင်းကင်း -မုံရွာ ရေလမ်းကြောင်း၊
(၄) အိန္ဒိယနိုင်ငံ နယ်စပ်မှတဆင့် မြန်မာနိုင်ငံတမူးမြို့နယ်ကိုဖြတ်ကျော်၍ ကလေးမြို့မှတဆင့် ကလေးဝ -မင်းကင်း -ဂန့်ဂေါမြို့များမှတဆင့် မုံရွာမြို့သို့ ကားလမ်း/ရေယာဉ်လမ်း /တောလမ်းအတိုင်း ခြေလျင်လမ်း ကြောင်းများဖြင့်ဝင်ရောက်လာလေ့ရှိသည်ဟု သိရှိရပါသည်။
“ အခု အောက်တိုဘာလဆန်းပိုင်းမှာ လက်ပန်ချောင်းကျေးရွာ ၊ အောင်ရွာ ၊ မင်းလှရွာနဲ့ နန်းကျင်းဆောင်ရွာဖက်တွေမှာ ခိုးဝင်ဘင်္ဂလီတွေတွေ့တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်။ ကျွန်တော်တို့သွားခဲ့သေးတယ်။ သူတို့လဲ သတင်းအနေနဲ့ပဲ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အခုတော့တကယ်ဖမ်းဆီးရမိတာပေါ့။ ခိုးဝင်လာတဲ့ဘင်္ဂလီတွေ ကလေးနယ်ဖက်ကနေပြီး ၀င်ရောက်နေတဲ့သတင်းတွေ ဒီနှစ်မှာပိုကြားရတယ်။ ” ဟု ကလေးမြို့ဒေသခံ တစ်ဦးမှပြောကြားခဲ့ပါသည်။
၂၀၁၂-ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင်လည်း ကလေးမြို့နယ်အရှေ့တောင်ဖက်ပေါက်တောကျေးရွာအနီး၊ ပေါက်တောရေနံမှော်မှခိုးဝင်ဘင်္ဂလီ (၁၀) ဦးနဲ့လမ်းပြ တစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ခိုးဝင်ဘင်္ဂလီတစ်ဦးကို ထောင်ဒဏ်(၇)နှစ်နှင့် ကူညီခေါ်ဆောင်လာသူတစ်ဦးကို ထောင်ဒဏ် (၅)နှစ်အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရှိရပါသည်။ ၂၀၁၂-ခုနှစ် စက်တင်ဘာလကုန်အထိ ကလေးခရိုင်အတွင်းတွင် ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြကူညီခေါ်ဆောင်သူ (၆)ဦးကိုဖမ်းဆီးပြီး ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
News from : Eleven Media Group
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago