Headlines News :
Home » » တားမြစ်ဆေးပါ တရုတ်ပျားရည် မြန်မာအမည်ခံ ပြည်ပတင်ပို့ခြင်း တားမြစ်

တားမြစ်ဆေးပါ တရုတ်ပျားရည် မြန်မာအမည်ခံ ပြည်ပတင်ပို့ခြင်း တားမြစ်

Written By လွင့်မောင်မောင် on Thursday, October 11, 2012 | 12:35 AM

ရန်ကုန်၊ အောက်တိုဘာ ၈
တားမြစ်ဆေးဝါးပါသည့် တရုတ်ပျားရည်များအား မြန်မာအမည်ခံကာ ပြည်ပသို့တင်ပို့မှု မရှိစေရန် ကုန်သွယ်ရေးဦးစီးဌာနမှ ပိတ်ပင်တားမြစ် ထားကြောင်း   မြန်မာနိုင် ငံပျားလုပ်ငန်းအသင်းမှ သိရသည်။ မြန်မာ့ပျားရည်အမည်ခံကာ တင်ပို့ရန် ကြိုးစားခဲ့သည့် လုပ်ငန်း ရှင်နှင့် မြန်မာနိုင်ငံ ပျားလုပ်ငန်း အသင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့   ကြောင်း ယင်းလုပ်ငန်းရှင်အား ပျားလုပ်ငန်းရာသီရောက်ပါက မြန် မာ့ပျားရည်တင်ပို့နိုင်ရေးကို လုပ် ဆောင်ပေးမည်ဖြစ်ကြောင်း အဆို ပါအသင်းမှ သိရသည်။

      ဥရောပနှင့် အမေရိကန်နိုင်ငံ တို့က တင်သွင်းခွင့်ပိတ်ပင်ထား သော တရုတ်နိုင်ငံမှပျားရည်များ မြန်မာနိုင်ငံအတွင်း တင်သွင်းလာ ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းက မည်သည့် ပျားရည်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းမှုနှင့် အခြားစားသောက် ကုန် (ဥပမာ-သကာရည်အမည်ခံ တင်သွင်းမှု)ကိုမဆို တားဆီးပေး ရန်နှင့် ပျားရည်ပို့ကုန်လိုင်စင်ကို လည်း ပျားလုပ်ငန်းဌာန၏ထောက် ခံချက်ဖြင့်သာခွင့်ပြုပေးရန် စသည် တို့ကို သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

    မြန်မာ့ပျားရည် ကို ဂျပန်နှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရ ပြီး အရည်အသွေးကောင်းသော မြန် မာ့ပျားရည်ကို ပြည်ပကကြိုက်နှစ် သက်ကြောင်း၊ အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှု မရှိတော့ပါက တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ”ဂျပန်နိုင်ငံက အရည်အ သွေးပိုင်းကို တအားစိစစ်ပြီး တင်း ကျပ်တယ်။ အမေရိကန်က အဲဒီ   လောက်မရှိဘူး။
      အမေရိကန်ရဲ့ ဈေးကွက်က ဈေးကောင်းရတဲ့အ တွက် ပျားလုပ်ငန်းလုပ်တဲ့ သူတွေ အတွက် အကျိုးအမြတ်ကောင်းမှာ ပါ”ဟု မြန်မာနိုင်ငံပျားလုပ်ငန်း အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

  ပျားမွေးမြူရေးလုပ်ငန်းတွင် တစ်နိုင်တစ်ပိုင် မွေးမြူသူ ၃၅ ရာခိုင်နှုန်းရှိပြီး စီးပွားဖြစ် မွေးမြူ သူ
 ၄၅ ရာခိုင်နှုန်းရှိကြောင်း၊ ပျား မွေးမြူသူတို့၏ လတ်တလောအ ခက်အခဲများမှာ ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းနှင့် အလုံအလောက် မရှိခြင်း၊ ယင်းကြောင့် ပြည်ပဝယ် လိုအားအတိုင်း ရောင်းနိုင်ရန် ပျားရည်အလုံအလောက်မရရှိခြင်း တို့ဖြစ်ကြောင်း ပျားမွေးမြူသူတစ် ဦးက ပြောသည်။ ယခုအချိန်သည် ပျားရည်တင် ပို့မှုရပ်နားထားသော ကာလဖြစ်ပြီး   နိုဝင်ဘာလ တွင် ဂျပန်၊ ထိုင်းနှင့် အခြားနိုင်ငံများသို့ ပျားရည်ပြန် လည်တင်ပို့ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။ ပြည်ပတွင် နာမည်ရနေသော မြန်မာ့ပျားရည်ကြောင့် အချို့   သောစီးပွားရေးသမားများသည် ကမ္ဘာ့နိုင်ငံကြီးများမှ ပဋိဇီဝဆေးဝါးများနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း များကြောင့် ပိတ်ပင်ထားသော တရုတ်နိုင်ငံမှ ပျားရည်များကို အခြားနိုင်ငံများသို့ မြန်မာ့ပျားရည် အမည်တပ်ကာ တင်ပို့ရန်အတွက် ပျားရည် သို့မဟုတ် စားသောက် ကုန်ကြမ်းအနေဖြင့်လည်းကောင်း မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း   နေ ကြောင်းကို မြန်မာနိုင်ငံပျားလုပ် ငန်းအသင်းမှ သိရှိရ၍ အထက် ဖော်ပြပါကဲ့သို့ ဆောင်ရွက်ထားခြင်း ဖြစ်သည်။
ထက်ထက်မိုးမြင့်http://popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template