
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင်လိုင်စင်ရ အမြန်ချောပို့လုပ်ငန်းဖြစ်သည့် Magnate Group Logistics Co.ltd(MGL) ၏ အမြန်ချောပို့လုပ်ငန်းကို ထားဝယ်စာတိုက်ကြီးတွင် ကောင်တာဖွင့်လှစ်ပြီးဆောင်ရွက်လျက်ရှိ ကြောင်းတွေ့ရသည်။ပို့ဆောင်လိုသည့် စာနှင့်ပစ္စည်းများကို အိမ်တိုင်ရာရောက် လာရောက်သိမ်းဆည်း သယ်ယူ ပေးခြင်း၊ပေးဝေပြီးကြောင်း အကြောင်းပြန်ကြားခြင်း စသည့်ဝန်ဆောင်မှုများပေးနိုင်ကြောင်းသိရပြီး၊ထားဝယ်မြို့မှ ရန်ကုန်၊နေပြည်တော်၊မန္တလေးနှင့်မော်လမြိုင်မြို့ကြီးများအပါအ၀င် မြို့ကြီး(၁၄)မြို့သို့ပေးပို့နိုင်ကြောင်းသိရသည်။ သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)