Headlines News :
Home » » လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Written By လွင့်မောင်မောင် on Sunday, September 29, 2013 | 8:37 AM

 S-29-9
စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးတွင် ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ဓာတ်အားခကို ဖြစ်သင့်သည်ထက်ပို၍ မြင့်တက်ရောင်းချခြင်းများ မရှိစေရန် အစိုးရမှ ဈေးနှုန်းသတ်မှတ် ထိန်းချုပ်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး၌ ပြုလုပ်သည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် Daily Eleven သတင်းစာ၏ "လက်ရှိအချိန်တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများကို ခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းတို့မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများကို လက်ရှိဓာတ်အားခ နှုန်းထားများထက် ပိုသောနှုန်းဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း၊ ထို့ကြောင့် အဆိုပါ ကုမ္ပဏီများအား ရောင်းချရမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ၀န်ကြီးဌာန အနေဖြင့် သတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ" မေးခွန်းကို ပြန်လည်ဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက "ပုဂ္ဂလိက ကုမ္ပဏီတွေကို လောလောဆယ်ကတော့ သူတို့ကို ကျွန်တော်တို့က ဓာတ်အားထုတ်လုပ်ခွင့်ပဲ ပေးထားတာ။ ဓာတ်အားရောင်းချတာတော့ သူတို့ကို ရောင်းခွင့်မပေးသေးပါဘူး။ မပေးသေးဘူး ဆိုတာက ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်တာကလည်း အခုလောလောဆယ် gas နဲ့ ထုတ်တာပါ။ ထုတ်တဲ့အခါမှာ ကျွန်တော်တို့က ဘာကိုပဲ သူတို့ကိုပေးလဲဆိုတော့ သူတို့စက်တပ်ဆင်ပြီး ထုတ်လုပ်ခကိုပဲ သူတို့ကို ပေးတာ။ ကျန်တာက ကျွန်တော်တို့ ၀န်ကြီးဌာနက နေပြီးတော့ ဒီဓာတ်အားတွေကို ယူပြီးတော့မှ ပြည်သူလူထုကိုဖြန့်မှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ နံပါတ်တစ် အပိုင်းက သူတို့ရဲ့ ဓာတ်အားထုတ်လုပ်ခကို ကျွန်တော်တို့ လက်ရှိဝန်ကြီးဌာနက ထုတ်လုပ်နေတဲ့ gas turbine တွေရဲ့ ဓာတ်အားထုတ်လုပ်ခထက် မများစေရဘူး။ အဲဒီနှုန်းတော့ ကျွန်တော်တို့ Level ဖြစ်အောင်ချိန်ပြီး လုပ်ပေးပါတယ်။ လောလောဆယ် ကျွန်တော်တို့ အခုလုပ်နေတာကတော့ သူတို့ဆီက ဓာတ်အားကို ကျွန်တော်တို့က ၀ယ်ပြီးတော့မှ ကျွန်တော်တို့ကပဲ ပြည်သူကို ဖြန့်တဲ့နည်းကို သုံးပါသေးတယ်။ နောက်ဆိုရင်တော့ ခုနက ပုဂ္ဂလိက ဓာတ်အားထုတ်ရောင်းတဲ့ ဟာတွေ ပေါ်လာရင် အဲကျရင်လည်း အခုကျွန်တော်တို့ ၀န်ကြီးဌာနက ပါမယ်။ ပါမယ် ဆိုတာက ဓာတ်အားခ မြင့်သွားမှာ စိုးလို့ပါတာပါ။ ဓာတ်အားခကို ကျွန်တော်တို့က ထိန်းချုပ်ဖို့ပါ။ မြင့်အောင်လုပ်လို့ မရဘူး။ ကျွန်တော်တို့ကနေပြီး တကယ့်စံနှုန်း သတ်မှတ်ပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက် တာကိုပဲ ကျွန်တော်တို့က ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော် မလုပ်ရသေးဘူး။ လာမယ့်နွေမှာ စက်မှုဇုန်တွေ ကျွန်တော်စပြီး လုပ်ကြည့်မယ်။ ဒါလည်း ကျွန်တော်ခင်ဗျားတို့ အားလုံးကိုခေါ်ပြီး ပွင့်ပွင့်လင်းလင်း ချပြပါမယ်။ ကျွန်တော်တို့ ဘယ်လောက်နဲ့ လုပ်မလဲ။ ဘယ်လိုလုပ်မလဲ။ ဒါကို ခင်ဗျားတို့ အနေနဲ့ ၀ိုင်းပြီးသုံးသပ် ပေးကြပါ။
နောက်တော့ ပုဂ္ဂလိက လုံးဝဖြစ်သွားရင်တော့ သူတို့ပဲ ထုတ်ရောင်းဖြစ်သွားမယ် ။အဲဒီ step ကို ကျွန်တော်တို့က သွားလို့မရသေးဘူး။ ပုဂ္ဂလိကကလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့နှုန်းနဲ့ မရောင်းနိုင်ဘူး။ သူတို့ရောင်းမယ်ဆို သူတို့က ခင်ဗျားတို့ ပြောသလိုပဲ ၁၀၀ ကျော်မယ်။ ၂၀၀ ကျော်မယ်။ ကျွန်တော်တို့ ပေးမရောင်းဘူး။ ကျွန်တော်တို့ပဲ ထိန်းထားတာ" ဟု ဖြေကြားခဲ့သည်။
လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီအချို့သည် မြို့နယ်အချို့၌ အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် နေမှုများ ရှိကြောင်း၊ ဥပမာ မန္တလေးတွင် ရှိကြောင်း၊ ၎င်းတို့အား လျှပ်စစ်ဓာတ်အား ရောင်းချခြင်းကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လက်ရှိအစိုးရမှ ရောင်းချနေသည့် ဈေးနှုန်းဖြစ်သည့် တစ်ယူနစ် ၃၅ ကျပ်နှုန်းသာ ကောက်ခံရန် သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ 
VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template