Headlines News :
Home » » ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ CPI ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ မြစ်ဆုံစီမံကိန်း နေရာသို့ သွားရောက်လေ့လာ

ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ CPI ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ မြစ်ဆုံစီမံကိန်း နေရာသို့ သွားရောက်လေ့လာ

Written By လွင့်မောင်မောင် on Sunday, September 29, 2013 | 8:39 AM

ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် CPI ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ မြစ်ဆုံဆည် ရေကာတာ စီမံကိန်းနေရာသို့ ယနေ့သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ လေ့လာရေး အဖွဲ့တွင် ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်အမတ် ၂၁ ဦး ပါဝင်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာ ဆရာများနှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာ ဆရာများက ကူမင်းမြို့ အခြေစိုက် CPI ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ကော့ကိန်းလျှံနှင့် သုံးနာရီကြာ တွေ့ဆုံခဲ့သည်။
လေ့လာရေးတွင် ဦးဆောင်ပါဝင်သူ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်က "ဖိတ်ထားတာတော့ ကြာပါပြီ။ အခုမှ သွားဖြစ်တာပါ။ ဧရာဝတီ မြစ်ညာမြစ်ဝှမ်း စီမံကိန်းတွေကို ပရိုဂျက်တာနဲ့ ပြတယ်။ မြစ်ဆုံဒေသကနေ ပြောင်းရွှေ့လာတဲ့ အောင်မြင်သာ စံပြကျေးရွာ၊ တည်ဆောက်ပြီးစီးမှု၊ ကုန်ကျငွေ၊ မြစ်ဆုံစီမံကိန်းဟာ အန္တရာယ် မရှိတဲ့အကြောင်း ကဏ္ဍစုံ ပြောသွားတယ်။ ကုမ္ပဏီက မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ချင်တဲ့ သဘောပါ။ ကျွန်တော်တို့ကတော့ ဒီကိစ္စဟာ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံး၊ ပြည်ထောင်စု တစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်" ဟုဆိုသည်။
မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အောင်မြင်သာ စံပြကျေးရွာသားများမှာ ယခင်ကတည်း စိုက်ပျိုးမြေရှားပါးမှုကြောင့် ရွှေ့ပြောင်းရွာတွင် အသက်မွေးရန် ခဲယဉ်းကြောင်း မူလနေရာကို ပြန်နေလိုတဲ့ ဆန္ဒရှိကြောင်း ယင်းကဆက်၍ ပြောကြားခဲ့သည်။
CPI ကုမ္ပဏီမှ ဧရာဝတီ မြစ်ညာမြစ်ဝှမ်းတစ်လျှောက် ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့၌ စီမံကိန်း (၇) ခု လျာထားကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခုစက်တင်ဘာ ၃၀ ရက်တွင် နှစ်နှစ်ပြည်ခဲ့ပြီ ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template