Headlines News :
Home » » ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

Written By လွင့်မောင်မောင် on Sunday, September 29, 2013 | 8:35 AM

 W-29-9
စက်တင်ဘာ ၂၈ ရက်က ၀ဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ ဦး ဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံစဉ်
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။
ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .
စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာ တစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင် တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template