Headlines News :
Home » » သံတွဲ ပဋိပက္ခနဲ့ ပတ်သက်ပြီး သံတွဲမြို့ ပုလဲ ဆရာတော် ထုတ်ဖေါ်ပြောတဲ့ စကား

သံတွဲ ပဋိပက္ခနဲ့ ပတ်သက်ပြီး သံတွဲမြို့ ပုလဲ ဆရာတော် ထုတ်ဖေါ်ပြောတဲ့ စကား

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 5:43 PM

 thaandwe
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း ဗဟိုအဖွဲ့ဝင် သံတွဲမြို့ ပုလဲ ဆရာတော်ကြီးဟာ အောက်တိုဘာလ ၅ရက်နေ့က ကြည်းရေလေ ညှိုနိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် တွေ့ဆုံတဲ့အခါ ဘာတွေတင်ပြလိုက်ပါသလဲလို့ မေးကြည့်တော့ ဆရာတော်က ခုလို ပြောပါတယ်။   
( ဒီမှာ ဖမ်းတာ ဆီးတာတွေဟာ လက်ရှိ ဖြစ်ခဲ့ပျက်ခဲ့တဲ့ ပြဿနာကို ဗဟိုပြု မပြုဘူး။ တစ်ဘက်က ပေးတဲ့ စာရင်းအတိုင်း လိုက်ပြီး ဖမ်းဆီးနေတယ်။ နှိပ်ကွပ်နေတယ်လို့ ဘုန်းကြီးပြောလိုက်တယ်။)
မေး- နောက်တခုက အဲဒီ သံတွဲမြို့နယ်မှာ ဘင်္ဂလီတွေဝင်လာပြီး ကမန် နာမည်ခံပြီး နေထိုင်ကြတယ်ဆိုတဲ့ အကြောင်းကိုလည်း ဆရာတော်က ပြောလိုက်တယ်လို့ သိရပါတယ်။ ဒါက ဟုတ်ပါသလား။
(ဟုတ်ကဲ့။ အခုပြဿနာ ဖြစ်တာဟာ သံတွဲမှာရှိတဲ့ ဘင်္ဂလီ ကမန်တွေ သက်သက်ကြောင်း ဖြစ်တာ မဟုတ်ဘဲ။ အပြင်က ၀င်လာတဲ့ ဘင်္ဂလီတွေကြောင်း ပြဿနာဖြစ်ရတာလည်း ရှိတယ်ဆိုတဲ့  အကြောင်းကို ပြောလိုက်တယ်။)
မေး-  အရှင်ဘုရားတို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကလည်း သံတွဲ ပဋိပက္ခနဲ့ ပတ်သက်ပြီး ကြေငြာချက် ထုတ်တယ် လို့လည်း ကြားရပါတယ်။ အဲဒီ ကြေငြာချက်က ဘာကြောင့် ထုတ်တာပါလဲ။
(ကြေငြာချက် ထုတ်တာက သတင်းဌာနတွေက ထုတ်လွင့်တဲ့ အထဲမှာ သာသနာ့ အလံတွေ ကြောင့် ပြဿနာဖြစ်ရတယ်လို့ ပါဝင်နေတယ်။ ပြဿနာဖြစ်ရတာဟာ သာသနာ့ အလံကြောင်း မဟုတ်ဘူး။ တစ်ဘက်က ပြဿနာကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးယူတဲ့အတွက်ကြောင့် ပြဿနာဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ထုတ်တာပါ။)
မေး- သံတွဲမှာ ပြဿနာဖြစ်တဲ့ အခါ  သာသနာ့ အလံတွေ ထောင်ထားတယ်လို့ အစိုးရဘက်က ပြောပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အရှင်ဘုရားတို့က ဘယ်လို တုန့်ပြန် ပြောကြားချင်ပါသလဲ။
( သာသနာ့အလံ ထောင်ပြီး ဘင်္ဂလီနဲ့ ရခိုင်ခွဲခြားပြီး ပြသနာလုပ်တယ်လို့ သူတို့က ပြောတာကို ဘုန်းဘုန်းတို့က မဟုတ်ဘူးလို့ ပြောလိုတယ်။ သာသနာ့ အလံဆိုတာက အရင်က နိုင်ငံတော် သမ္မတကြီး ပြောခဲ့တဲ့  ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စီစစ်မယ်။ နိုင်ငံသားမဖြစ်သူတွေကို စခန်းနဲ့ထားမယ်။ လက်ခံမဲ့နိုင်ငံရှိရင် တတိယနိုင်ငံကို ပို့မယ်လို့ပြောခဲ့တယ်။ ဒါကိုထောက်ခံတဲ့ အနေနဲ့ သံတွဲမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ အဲဒီ ကတည်း သာသနာ့ အလံတွေကို အိမ်တွေမှာ လွင့်ခဲ့ကြတယ်။ နောက်ပြီး ဗုဒ္ဓဘာသာနေ့ အထိမ်းအမှတ်ကို အကြောင်းပြုပြီး သာသနာ့ အလံတွေ လွင့်ခဲ့ကြတယ်။ ပွဲပြီးတော့လည်း တချို့အိမ်တွေမှာသိမ်းထားခဲ့ကြတယ်။ တချို့ အိမ်တွေမှာလည်း ဒီအတိုင်းဘဲရှိနေတယ်။ ဒီဟာတွေဟာ ဘင်္ဂလီတွေကို ပြဿနာရှာဖို့မဟုတ်ဘူး။ ဘင်္ဂလီတွေကသာ ဒီသာသနာ့ အလံတွေကို အကြောင်းပြုပြီး ပြဿနာ ရှာလာကြတာ ဖြစ်တယ်။ နိုင်ငံတော်က ထုတ်ပြန်တဲ့ သတင်းသည် လွဲမှားတဲ့ သတင်းတွေသာ ဖြစ်ကြောင်း ဘုန်းကြီးတို့ ကြေငြာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။)
မေး- သံတွဲမှာ ဖြစ်တဲ့ ပြဿနာက ဘယ်သူကစလို့ ဖြစ်တာပါလည်း အရှင်ဘုရား။
( သံတွဲမှာဖြစ်တဲ့ ပြဿနာက ဘင်္ဂလီက စတာ။ ကမန်အမည်ခံထားတဲ့ ဘင်္ဂလီ ဦးကျော်ဇံလှက တမင်တကာ ဖန်တီးလို့ ပြဿနာဖြစ်တာ။)
မေး- သူက ပြဿနာကို ဘယ်လို စတင်ခဲ့တာပါလဲ။
( သူ့အိမ်ရှေ့မှာ သုံးဘီဆိုင်ကယ် ဂိတ်ရှိတယ်။ သုံးဘီးဆိုင်ကယ်တွေမှာ အများအားဖြင့် သာသနာ့ အလံ လွင့်ထားကြတယ်။ သူ့အိမ်ရှေ့မှာ သုံးဘီးဆိုင်ကယ် ရပ်တယ်ဆိုတာကလည်း တမင်ကိုရပ်တာ မဟုတ်ဘူး။ သူ့အိမ် ရှေ့က သုံးဘီး ဆိုင်ကယ်ဂိတ်။ အဲဒီမှာ သူက မင်းတို့ သာသာနာ့အလံ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီး ညစ်ညစ်ညမ်းညမ်း ဆဲဆိုတယ်။ ဆဲဆိုတာကို ဗုဒ္ဓဘာသာ လူငယ်တွေက မခံနိုင်တဲ့အတွက် သူအိမ်ရှေ့မှာ စုလာကြတယ်။ သူ့ကိုလည်း သာသနာကို စော်ကားမှုနဲ့ အရေးယူဖို့တောင်းဆိုကြတယ်။ တောင်းဆိုတဲ့အတွက် အစိုးရက သူ့ကိုဖမ်းတယ်။ ဖမ်းပြီးချက်ချင်း အာမခံနဲ့ လွှတ်လိုက်တယ်။ အာမခံနဲ့ လွှတ်လိုက်တာကို မကြေနပ်လို့ ပြဿနာ စဖြစ်တာ။)
မေး- သံတွဲမှာ ဖြစ်သွားတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဘာမိန့်ကြားလိုပါသလဲ။  မိန့်ကြား ပေးပါ။
ပြဿနာဖြစ်ပြီးနောက် ဖမ်းဆီးတာတွေမှာလည်း ပြဿနာဖြစ်တာမှာ အမှန်တကယ် ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကိုသာ ဖမ်းဆီးပြီး မပါဝင်တဲ့သူတွေကို မဖမ်းဆီးရအောင် သက်ဆိုင်ရာ ကလည်း ကြီးကြပ်ဆောင်ရွက် ပေးကြဖို့လိုတယ်။ ကိုယ့်လူမျိုး ဘာသာ အချင်းချင်း စိတ်ဝမ်းကွဲပြားရမဲ့ အချိန်အခါ မဟုတ်ဘူး။ တစ်သွေးတည်း တသံတည်း နိုင်ငံတော်ရဲ့ တိုးတက်မှုကို ဆောင်ရွက်ကြဖို့ အချိန်သာဖြစ်တဲ့အတွက်ကြောင့် နောက်နောင်ပြဿနာ မဖြစ်အောင် ထိမ်းသိမ်း ကာကွယ်ကြဖို့ ဘုန်းကြီးက ဒီလိုဘဲ ပြောလိုပါတယ်။)
(ပြီး)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template