Headlines News :
Home » » လိုင်ဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြည်တွင်းစစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ဖြစ်မည် ဟု တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်

လိုင်ဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြည်တွင်းစစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ဖြစ်မည် ဟု တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်

Written By လွင့်မောင်မောင် on Thursday, October 31, 2013 | 4:50 PM

F.31.10.2013
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ အောက်တိုဘာ ၃၀ ရက် ပထမနေ့မြင်ကွင်းPHOTO-EMG
အောက်တိုဘာ ၃၁ ရက် ၂၀၁၃

ပထမဆုံးအကြိမ်အဖြစ် လိုင်ဇာ တွင်ကျင်းပမည့် ပြည်တွင်းတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပါဝင် သည့် အပစ်အခတ်ရပ်စဲေ ရးဆွေးနွေးပွဲမှ ဆုံးဖြတ်ချမှတ် မည့် အချက်အလက်များ သည်တိုင်းပြည် ၏နာတာရှည် ပြည်တွင်း စစ် ရပ်စဲနိုင်‌‌ရေးအတွက် အဆုံးအဖြတ်‌‌ ပေး လိမ့်မည်ဟု ငြိမ်းချမ်း‌ရေး အကျိုး‌ ဆောင်အုပ်စု (PCG)မှ ဦးလမိုင်ခွန်ဂျာ က သုံးသပ်လိုက်သည်။

”ဒါက ပထမဆုံးအကြိမ်တိုင်းရင်း သားလက်နက်ကိုင်‌‌တွေ ပြည်တွင်း မှာ ‌တွေ့ဆုံကြတဲ့ သမိုင်းဝင်ပွဲလို့‌တောင်‌ပြော လို့ရတယ်” ဟု ၄င်းက ဆိုသည်။

လက်ရှိအနေအထားအရ အောက် တိုဘာ ၂၉ ရက်တွင် မြန်မာအစိုးရက အဆိုပြုထား‌သော တစ်ပြည်လုံးအတိုင်း အတာ အပစ်အခတ်ရပ်စဲ‌ရေး မူအား ‌ဆွေး‌နွေးရန် အတွက် ၁၆ ဖွဲ့ထက်မနည်း‌ သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ထိပ်သီး‌ခေါင်း‌ဆောင် များ ကချင်ပြည် နယ် လိုင်ဇာမြို့သို့ ‌ရောက်ရှိလာကြပြီး ယခု‌ဆွေး‌နွေးပွဲမှ တိုင်းပြည်၏ ကာလရှည်ကြာ ပြည်တွင်း စစ်ကြီး အဆုံးသတ်နိုင်‌‌ရေး အတွက် အပြုသ‌ဘော‌ဆောင်‌‌သော ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ‌မျှော်လင့်‌ ထားကြသည် ဟု ဆိုကြသည်။

” ကျွန်တော်တို့ဒီကို‌ရောက်‌‌နေတာ ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့‌ တွေမှာ ဘယ်‌‌လောက်အထိ ငြိမ်းချမ်း‌ ရေးကို လိုလားသလဲဆိုတာ ကို ပြသ‌နေ သလိုပါပဲ။ ကျွန်တော်တို့သာ ငြိမ်းချမ်း‌ ရေးကို မလိုလားဘူး ဆိုရင်ဘာမှ ဒါ‌တွေ ‌ဆွေး‌နွေး‌နေစရာ မလိုဘူး။ လက်မှတ် ထိုးဆို ထိုးလိုက်ရုံ ပဲ။ ဒါဆို အချိန်တန်‌ ပြန်ပျက်သွားမှာပဲ။ အဲ့ဒီလို မဖြစ်ချင် လို့ကို ‌သေ‌သေချာ ချာ တိုင်ပင်ကြမလို့ပါ” ဟု လိုင်ဇာမြို့သို့ ‌ရောက်ရှိ‌နေ‌သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ‌စောမူတူး‌ဆေးဖိုးက ‌ပြောသည်။

တိုင်းရင်းသားများသည် တန်းတူ ညီမျှ အခွင့်‌အ‌ရေးအတွက်သာ လက် နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်း‌ရေး‌ ဖော်‌‌ဆောင်မှု လုပ်ငန်းစဉ်များ‌ကြောင့်‌ လတ်တ‌လော လက်နက်ကိုင်တိုက်စရာ မလို‌သောအ‌ခြေအ‌နေ ဖြစ်‌‌သော် လည်း နိုင်ငံ‌ရေး အရ အာမခံချက် မရှိလျှင် တည်တံ့‌သော ငြိမ်းချမ်း‌ရေးကို အားလုံး ရရှိခံစားကြရမည်မဟုတ်ဟု ကချင် လွတ်‌‌မြောက်‌‌ရေးတပ်မ‌တော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်‌‌မော် က ဆိုသည်။

”ကျွန်တော်တို့ အရင်က ‌ပြောခဲ့သ လိုပါပဲ။တိုင်းရင်းသား‌တွေရဲ့ တန်းတူအ ခွင့်‌အ‌ရေးကို အာမခံချက် မ‌ပေးနိုင်‌‌သေး သရွေ့ ဘာလက်မှတ်ပဲ ထိုးထိုး ပျက်‌ ပြယ်သွားမှာပဲ” ဟု ၄င်းက သုံးသပ် သည်။

ထို့အတူ RCSS/SSA ‌ ပြော‌ရေး ဆိုခွင့်‌ရှိသူ ဗိုလ်မှူး စိုင်းလကလည်း အပစ်ရပ်လက်မှတ်‌‌ရေးထိုးပြီး‌နောက် ဆက်သွားမည့်‌ နိုင်ငံ‌ရေးဖြစ်စဉ်သည် တိုင်းရင်းသား အားလုံးက လက်ခံနိုင်‌‌ သော အ‌နေအထားဖြစ်‌‌ရေးအတွက် ဤညီလာခံက ပုံ‌ဖော်ပေးနိုင်လိမ့်‌မည်ဟု ဆိုသည်။

နိုင်ငံတစ်ဝန်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ သည်‌ လိုင်ဇာမြို့တွင်‌ ‌အောက်တိုဘာ ၃ဝ ရက်‌‌နေ့မှ နိုဝင်ဘာ ၁ ရက်‌‌နေ့ အထိ ‌တွေ့ဆုံကြ မည်‌ ဖြစ်သည်။

အဆိုပါ လက်နက်ကိုင်ထိပ်သီး ‌ဆွေး‌နွေးပွဲသို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၇ ဖွဲ့ကို ဖိတ်ကြားထားပြီး လက်ရှိတွင် ၁၆ ဖွဲ့ရောက်ရှိ‌နေ ကာ ‌ဆွေး‌နွေးပွဲသို့ တက်ေ ရာက်မည် မဟုတ် ဟု သတင်းများထွက်‌‌ပေါ်‌နေေ သာ ‘ဝ’ ‌သွေးစည်းညီညွတ်‌‌ရေး တပ်မ‌တော် (UWSA) ကိုယ်စားလှယ် လည်း ‌ရောက် ရှိ‌နေပြီဟု သိရသည်။

ကျော်ရဲလင်း
Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template