Headlines News :
Home » » သံတွဲတွင် ဖမ်းဆီးခံထားရသူ ၂၃ ကို ရုံးချိန်းရက် မဟုတ်ဘဲ ရှောင်တခင်ရုံးထုတ်

သံတွဲတွင် ဖမ်းဆီးခံထားရသူ ၂၃ ကို ရုံးချိန်းရက် မဟုတ်ဘဲ ရှောင်တခင်ရုံးထုတ်

Written By လွင့်မောင်မောင် on Thursday, October 31, 2013 | 4:35 PM


၃၁ အောက်တိုဘာ ၂၀၁၃

သံတွဲမြို့တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်အမျိုးသား ၂၃ ဦးကို ရုံးချိန်းရက် မဟုတ်ဘဲ ယမန်နေ့က ရှောင်တခင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

ရုံးချိန်းရက် မဟုတ်ဘဲ ရှောင်တခင် ရုံးထုတ်ခဲ့ပုံကို သံတွဲ ဒုက္ခသည်များကူညီစောင့်ရှောက်ရေး ကော်မီတီအဖွဲ့ဝင် ကိုကျော်ဌေးဝင်းက ယခုလို ပြောသည်။

“ မနေ့က ရုံးထုတ်ပါတယ်။ သူတို့ကိုရုံးချိန်ပေးထားတာက အောက်တိုဘာ ၃၁ ရက် (ဒီနေ့ပါ)၊ ရုံးချိန်းရက် မဟုတ်ဘဲ  အခုလို ရုံးထုတ်တာကတော့ တရားခံဦးရေများတဲ့အတွက် ဖြစ်တယ်လို့ သူတို့ဘက်က အကြောင်းပြ ပါတယ်” ဟု ၎င်းက ဆိုသည်။

သူတို့ ၂၃ ဦးကို အကျိုးဖျက်ဆီးမှု၊ လူသတ်ရန် လှုံဆော်မှု စသည့် ပုဒ်မများဖြင့် တရား စွဲဆို ထားကြောင်း၊ ယမန်နေ့ ညနေ ၄ နာရီခွဲ ခန့်တွင် ရုံးထုတ်ခဲ့ကြောင်း၊ ယခုကဲ့သို့ ရုံးချိန်းရက် မဟုတ်ဘဲ ရှောင်တခင် ရုံးထုတ်ခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းလည်း ကိုကျော်ဌေးဝင်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီမှ ဗဟိုကော်မီတီဝင် ရှေ့နေမကြီး ဒေါ်အေးနုစိန် အပါအ၀င် ခေါင်း ဆောင်တချို့လည်း သံတွဲမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး ရခိုင် အမျိုးသား အများအပြားကို ဖမ်းဆီးထားမူသည် ဥပဒေနှင့် ညီညွှတ်မူ ရှိ မရှိကို လေ့လာ ဆန်းစစ်နေကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် ဖမ်းဆီးခံနေရသည့် ရခိုင်အမျိုးသား အများစုသည် ပဋိပက္ခနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ မရှိဘဲ  အဖမ်းခံနေကြရခြင်း ဖြစ်သည်ဟု  ဒေသအတွင်းရှိ လူမှုရေး အဖွဲ့အစည်းများနှင့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ (သံတွဲ)မှ အတိအလင်း ပြောကြားထားပြီး  သူတို့အား အမြန်ဆုံး လွတ်ပေးရန် တောင်းဆိုထားသည်။

၎င်းအဖွဲ့များမှ တောင်ဆိုပြီး နောက်ပိုင်း အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင်  အာဏာပိုင်များက နောက်ထပ် ရခိုင်အမျိုးသား ၄ ဦးကို သံတွဲတွင် ဖမ်းဆီး ခဲ့သည်ဟု သိရသည်။

သံတွဲပဋိပက္ခဖြစ်ပွားပြီးနောက် ရခိုင်အမျိုးသား ၅၇ ဦးဖမ်းဆီးခံရပြီး ၅ ဦးကို မကြာသေးမီက ပြန်လွတ်လိုက် သည့်အတွက် ယခုအခါ ရခိုင်အမျိုးသား ၅၂ ဦး ဆက်လက် ဖမ်းဆီးခံနေကြရသည်။

မောင်အေး( နိရဉ္စရာ )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template