Headlines News :
Home » » အိုဘားမားက အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့ ညွှန်ကြားရေးမှူးချုပ် အသစ်အဖြစ် James Comey ကို ခန့်

အိုဘားမားက အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့ ညွှန်ကြားရေးမှူးချုပ် အသစ်အဖြစ် James Comey ကို ခန့်

Written By လွင့်မောင်မောင် on Tuesday, October 29, 2013 | 2:01 PM


သမ္မတအိုဘားမားနဲ့ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှူးသစ်
မစ္စတာ James Comey (ယာ)
29.10.2013
အမေရိကန်သမ္မတ ဘရက်ခ်၊ အိုဘားမားက အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို
FBI ရဲ့ ညွှန်ကြားရေးမှူးချုပ် အသစ်အဖြစ် James Comey ကို ခန့်အပ်လိုက်ပါတယ်။

မစ္စတာ Comey ဟာ ဘယ်ဟာက မှားတယ်၊ ဘယ်အရာကမှန်တယ်ဆိုတာကို သိရှိသူ
တစ်ဦးဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ဒီပေါ်မှာ အခြေခံ လုပ်ဆောင်လိုသူ
တစ်ဦးအဖြစ် တနလာင်္နေ့မှာ သမ္မတ အိုဘားမားက ဂုဏ်တင် ပြောဆိုပါတယ်။
အသက် ၅၄ နှစ်အရွယ် မစ္စတာ Comey ဟာ အမေရိကန် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ်
လက်ထက်မှာဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ တယ်လီဖုန်း ကြားဖြတ်နားထောင်ခွင့်ကို အိမ်ဖြူတော်ကတောင်းဆိုမှုကို တလျှောက်လုံး ငြင်းဆိုခဲ့တာကြောင့် နာမည်ဆိုး ရခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ အင်တာနက်နဲ့တယ်လီဖုန်း ဆက်သွယ် မှုတွေကို အဓိက ပစ်မှတ်ထားတဲ့ ဈေးကြီးလှတဲ့ လျှို့ဝှက်ထောက်လှမ်းမှု အစီအစဉ်လုပ်နေတဲ့ အပေါ် ဖွင့်ချခံခဲ့ရတဲ့ ဒီနှစ်အစောပိုင်းမှာပဲ ဒီထောက်လှမ်းရေးအစီအစဉ်ဟာ အကြီးအကျယ် အခြေအတင် ပြောစရာ ထပ်ဖြစ်လာပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ ဒီအစီစဉ်ကို အခိုင်အမာ ခုခံ ပြောဆိုနေတာပါ။
အခု မစ္စတာ Comey က ၂၀၀၁ ခုနှစ် စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း
တာဝန်ယူခဲ့တဲ့ Robert Mueller နေရာကို အစားထိုး တာဝန်ယူတာ ဖြစ်ပါတယ်။

VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template