Headlines News :
Home » » ထားဝယ်မှာအာဏာရှင်တို့အနိုင်ကျင့်နေသည်။

ထားဝယ်မှာအာဏာရှင်တို့အနိုင်ကျင့်နေသည်။

Written By လွင့်မောင်မောင် on Wednesday, October 30, 2013 | 3:04 PM











ဒီနေ့ (၂၉-၁၀-၂၀၁၃)ဆန်းချီလယ်သိမ်းမြေတွေထဲမှာ ထွေအုပ်တင်သိန်းက လယ်သမားတွေနဲ့ ဒေသခံ CSO အပေါ်ရိုင်းစိုင်းစွာ ပြုမူခဲ့ပါတယ်။ ထားဝယ်လူငယ်အဖွဲ့မှ လူငယ်တစ်ဦးရဲ့ ကင်မရာကိုလည်း ပစ်ခွဲခဲ့ပါတယ်။ လယ်သမားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေအပေါ် မြေဖို့ခဲ့ပါတယ်၊ မြေမဖို့ရန်ဒေသခံလယ်သမားတွေက တားမြစ်ရာမှ ထွေအုပ်တင်သိန်းဟာ တွေအုပ်ဝန်ထမ်းများ၊ ရဲများနဲ့ရောက်ရှိလာပါတယ်။ မည်သည့်ကြိုတင်အကြောင်းကြား ခြင်း၊ ညှိုနိုင်းခြင်းမလုပ်ခဲ့ပါဘူး။ ဒီမြေကွက်ဟာ လယ်မြေသိမ်းဆည်းမှုပြဿနာရှိနေတဲ့မြေဖြစ်ပါတယ်။
အခုအခါ ထွေအုပ်ဝန်ထမ်းအိမ်တွေဆောက်ဖို့ စတင်ပါတယ်။
တင်သိန်းဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးဖြစ် သလို တနင်္သာရီတိုင်းဒေသကြီး အစိုးရအတွင်းရေးမှူးဖြစ်ပါတယ်။ အစိုးရသာပြောင်းမယ်၊ ငါကဘယ်တော့မှ မပြောင်းဘူးလို့ပြောဖူးတဲ့လူပါ။
ကျွန်တော်ကို ၂၀၁၂ခုနှစ်မှာ နိုင်ငံရေးလုပ်တယ်ဆိုပြီး အရေးယူဖို့လုပ်တယ်၊ ၂၀၁၃မှာ သစ်ပင်စိုက်လို့ဆိုပြီး အပြစ်ပေးဖို့လုပ်ဖူးပါတယ်။ ထားဝယ်ဒေသခံ CSOတွေကို မျက်မုန်းကျိုးတဲ့လူပါ။ ၈၈မျိုးဆက် ကိုကျော်ကျော်သက်ကို တရားဆွဲဖို့ နောက်ကွယ်ကခိုင်းတဲ့လူပါ။ ထားဝယ်ခရိုင် ကျော်ဆွေ၊ ထားဝယ်မြို့နယ် ချမ်းငြိမ်းအောင်စတဲ့ ထွေအုပ်ဝန်ထမ်းတွေဟာ တင်သိန်းနဲ့ တစ်ဖွဲ့တည်းတွေပါ။
ထ.၁ထားဝယ်ရဲ့ဘောလုံးကွင်းပြင်ဖို့သိန်း(၁၅၀)ကိစ္စ၊ ထားဝယ်/ဘိတ်ဒေသရှိ ဘုရားကျောင်းတွေပြင်ဖို့သစ် တွေတောင်းထားတဲ့ကိစ္စတွေအများကြီးရှိပါတယ်။ ၀န်ကြီးချုပ်ကိုယ်စားလက်မှတ်ထိုးထားတဲ့စာတွေရှိပါတယ်။
ထားဝယ်သားဝန်ကြီးချုပ်ဘာလုပ်မလဲသိချင်နေပါတယ်။ ၀န်ကြီးချုပ်လည်းထွေအုပ်ကလာတယ်လို့သိရတယ်၊ ဆရာတပည့်လို့လည်းပြောပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အတွက် ဆောင်ရွက်နေချိန်မှာ ထွေအုပ်ဟာ အဟန့်အတားအဖြစ်ဆုံးဌာနဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရာထူးတူရင်တောင် ထွေအုပ်ကို ကြောက်နေရတယ်လို့ စည်ပင်မြို့နယ်မှူးတစ်ဦးက ရင်ဖွင့်ဖူးပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင်မှ ပြည်သူဆန္ဒအရရွေးချယ်နေပါတယ်၊ မြို့နယ်၊ခရိုင်၊ တိုင်းတွေကိုလည်း ပြည်သူ့ဆန္ဒအရရွေးချယ်ဖို့လုပ်ရပါမယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်လက်ဖော်ပြပေးပါမယ်။

သတင်းနှင့်ဓာတ်ပုံ (ဆရာဇော်သူရ)

(မှတ်ချက်)-ဆရာဇော်သူရ က သူ၏Facebook စာမျက်နှာပေါ်တွင် မနေ့က တင်လိုက်ရာ
ယနေ့(၃၀- ၁၀-၂၀၁၃)နေ့နံနက်တွင်ထားဝယ်တက္ကသိုလ်ပါချုပ်မှ
 ခေါ်ယူသတိပေးကြိမ်းမောင်းလိုက်ကြောင်း Lwintmgmg Dalily News မှသတင်းရရှိသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template