Headlines News :
Home » » လက်နက်ကိုင်အဖွဲ့များ ရှိနေသောကြောင့် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ဟုဆို

လက်နက်ကိုင်အဖွဲ့များ ရှိနေသောကြောင့် မတရားအသင်းများ အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ဟုဆို

Written By လွင့်မောင်မောင် on Saturday, November 2, 2013 | 8:39 PM


နေပြည်တော်၊ နိုဝင်ဘာ ၁

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသေးသည့်အတွက် မတရားအသင်း အက်ဥပဒေကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။

၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ အချိန်မီ ဆောင်ရွက်နိုင်ရန် ကိစ္စနှင့် ပတ်သက်၍ မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် အဆင့်များစွာ ကျန်ရှိနေပြီး အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတို့ကို ကျူးလွန်အားပေးသည့် အသင်းများ၊ ကူညီထောက်ပံ့သည့် အသင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အဆိုပါ ဥပဒေကို ဆက်လက်ထားရှိရမည် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။
“ဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့တွေ အားလုံးမှာ လက်နက်တွေ ကျန်ရှိနေတယ်။ အချိန်မရွေး မမျှော်လင့်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထုကို အဓမ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ တံတား၊ အဆောက်အအုံ၊ မော်တော်ယာဉ်များတွင် မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ခြင်း အစရှိသည့် အကြမ်းဖက်မှုများကို လက်နက်ကိုင် အဖွဲ့အစည်းများက ပြုလုပ်ပါက မတရားအသင်း အက်ဥပဒေ ပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့ပြင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများကို ယင်းဥပဒေဖြင့် တရားရုံးများက စီမံဆောင်ရွက်ရသဖြင့် ပယ်ဖျက်ရန် မသင့်ကြောင်း၊ ဥပဒေပါ အချက်အချို့ကိုမူ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ ပြုလုပ်နိုင်ရန် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးက ထပ်လောင်းပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် လက်နက်ကိုင် တပ်ဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ရေးအတွက် သဘောတူညီထားသည်။

ယနေ့တွင်ပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူလူထု သို့ ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယုံကြည်မှု ပိုမိုခိုင်မာလာကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက် လာသည်ဟု ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ ဖြင့် ဖမ်းဆီးထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား ၅၆ ဦးကို စက်တင်ဘာလ အတွင်းက လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template