ကျမတို့ကမ္ဘာကြီးမှာ
စစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့်
ကမ္ဘာကြီးတစ်ခုလုံးဟာ စစ်တပ်တွေနဲ့ချည်း ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။
စစ်သားတွေနဲ့ချည်းဘဲလည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊
စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။
ဒါပေမယ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့
အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ
ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို အကြီးအကျယ် ဝေဖန်ခံရမှုတွေ
ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင်
အာဏာရှင်လက်အောက်မှာ ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့
ကျမကို ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက
စစ်တပ်အပေါ် ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း
ရှိတယ်လို့ ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။
ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက်
ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ
မှန်ကန်တဲ့ လုပ်ရပ်ပါ ။ '' ကိုယ်ကျိုးမကြည့်ဘူး '' ဆိုတဲ့ စကားဟာ
စစ်တပ်ရယ် ၊ ခေါင်းဆောင်လုပ်သူတွေရယ်အတွက်
အဓိက စကားလုံးပါဘဲ ။
ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက်