Headlines News :
Home » , » သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ

သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ

Written By လွင့်မောင်မောင် on Tuesday, October 29, 2013 | 7:59 PM

 
ရန်ကုန်၊ အောက်တိုဘာ-၂၈

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ သံသယဖြစ်ခံရ သူရခိုင်အမျိုးသားငါးဦးကို တစ်ပတ်အတွင်း ထပ်မံဖမ်းဆီးခဲ့ ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၅၃ ဦးအထိရှိပြီဖြစ်ကြောင်း သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုမောင်ဖြူက စံတော်ချိန်သို့ အောက်တိုဘာ ၂၇ ရက်က ပြောဆိုသည်။

တစ်ပတ်အတွင်း ဖမ်းဆီးခံရသူများတွင် အောက်တို ဘာ ၁၈ ရက်က ဒွါရာဝတီကွက်သစ်မှ ကိုတင်ထွဋ်နှင့် ဗိုက်ကလေးတို့ နှစ်ဦးဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ဒွါရာဝတီမြို့သစ် (၆) လမ်းမှ ကိုခင်ထွန်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ကိုသိန်းဝင်းဦးနှင့် အောက်တိုဘာ ၂၂ ရက်က ရခိုင်အမျိုးသား တစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။

" ၂၂ ရက်နေ့က တစ်ယောက်ကို နောက်ဆုံးဖမ်းသွားတာ။ သူတို့လုပ်တာ ဘာလို့လုပ်လဲတော့ ကျွန်တော်တို့မပြောတတ်ဘူး။ အခုဆိုရင် ရခိုင်အမျိုးသားချည်းပဲ ဖမ်းထားတာ ၅၃ ဦးရှိသွားပြီ။ သူတို့က အကုန်လုံးကို စောင့်ကြည့်နေတဲ့ပုံစံ တွေရှိတယ်။ ဖမ်းတာတွေအားလုံးကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ လူတွေကလည်း ကြောက်စိတ်တွေ ဖြစ်နေကြတယ်။ ဘယ်သူ့ကို ဖမ်းမလဲဆိုပြီး လန့်နေကြတယ်" ဟု ကိုမောင်ဖြူကဆိုသည်။ ဖမ်းဆီးခံထားရသူများထဲတွင် လေးဦးကို ရုံးတင်တရားစွဲထားကြောင်း၊ ကျန်သောသူများ သည် ရမန်ရယူထားပြီး အောက်တိုဘာ ၃၁ ရက်တွင် တရားစွဲ မှုမရှိပါက ပြန်လွှတ်ပေးနိုင်သည်ဟု ထင်မြင်မိကြောင်း၊ ဖမ်းဆီးခံထားရသူ အများစုမှာ လူမှုရေးပရဟိတလုပ်ကိုင် နေသူများဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်မှုမရှိသူများလည်း ပါဝင်နေကြောင်း သိရသည်။

ထိုက်သူဇော်

စံတော်ချိန် နေ့စဉ်သတင်းစာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template