လွှတ်တော်ထဲ တပ်မတော်သား ၂၅% ထည့်ထားတာနဲ့ ပတ်သက်ပြီး အတော်များများက
ဒါဟာ တချိန်က အင်ဒိုနီးရှားနဲ့ တူတယ်လို့ ပြောကြတယ်။
တကယ်ပြောရင် ဆူဟာတိုခေတ် အင်ဒိုနဲ့ မြန်မာက တူတာရှိသလို မတူတာတွေအများကြီး။ ဆူဟာတိုဟာ ကာချုပ်ကို သူ့နဲ့ အာဏာပြိုင်မထားခဲ့ဘူး၊ ကာချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအောက်မှာပဲ ရှိတယ်။ ဒါ အဓိက မတူတဲ့အချက်ပါ။
တူတာက ၂၅% ကို သူ့ရဲ့ ဂိုကာ ပါတီကို ကျောထောက်နောက်ခံပြုဖို့ ထားခဲ့တာ။ အပေါ်ယံစဉ်စားရင်း ၂၅% က အန္တရာယ်မရှိပါဘူး၊ လွှတ်တော်အတွင်း တည်ငြိမ်ရေးကို အဓိကထားတာလို့ပဲ တွေးကြမှာပဲ၊
ဒါပေမဲ့ အထဲကို နက်နက်တူးရင် ပြဿနာက တပ်မတော်သားတွေက မဲပေးခွင့်ရှိပြီး မဲရွေးမခံရပဲ ၂၅% ယူထားနိုင်တာဟာ အကယ်၍ ကာချုပ်က ရွေးကောက်ပွဲမတိုင်မှီ တပ်က အငြိမ်းစားယူပြီး ပါတီတစ်ခုထဲဝင်၊ တပ်မတော်သားအများစု ရှိတဲ့အရပ်မှာ မဲဝင်ရွေးပြီး လွှတ်တော်ထဲဝင်၊
ပြီးရင် သူ့ပါတီနဲ့ တပ်မတော်သား ၂၅% ပေါင်းပြီး သူ့ကိုသမ္မတ တင်မြောက်လို့ ရတာမို့
သူဟာ အခြားကိုယ်စားလှယ်လောင်းတွေကို အသာစီးယူထားသလို ဖြစ်နေတယ်။
ဒီအချက်ကိုလည်း ထည့်စဉ်းစားသင့်တယ်။ ဒါတွေလိုက်ပြောနေတာ ကလေးဆန်တယ်ဆိုပေမဲ့ ဖြစ်တန်ချေက ၉၀% ကျော်တယ်။ ဒီလိုအနေအထားနဲ့ဆို ဦးကျော်ဝင်း ရွှေရင်ဧကျွေးနေသလို တနေ့နေ့နေ့မှာ စစ်တပ်အနေနဲ့ ဒီမိုကရက်တီလိုက်ဇေးရှင်း ဖြစ်လာမယ် ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။
ဒီတော့ ၂၀၁၅ အလွန် သမ္မတကြီးဟာ အရပ်သားထဲက တစ်ယောက်ယောက် မဟုတ်ပဲ အခုဒီနေ့ ဧရာဝတီကပြောသလို ကာချုပ်ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူကြားလည်း မကျေနပ်မှုကြောင့် နိုင်ငံရေးဟာ မျှော်လင့်ထားသလို တည်ငြိမ်နိုင်မှာမဟုတ်ဘူး။ လာရီရယ်ဂင်က ဘယ်လိုပဲအခါပေးပေး နိုင်ငံ့ကောင်းကျိုးအတွက် စဉ်းစားမယ်ဆိုရင် ၂၀၁၅ အလွန် သမ္မတဟာ အရပ်သားထဲက ဖြစ်ကို ဖြစ်ထိုက်တယ်။
( ဒေါက်တာမောင်မောင်ကိုထည့် မတွက်ရင်) ရာစုဝက်အလွန် မြန်မာနိုင်ငံရေးသမိုင်းမှာ ပထမဆုံး အရပ်သားသမ္မတပေါ့။ ရာစုဝက်လုံးလုံး ထိန်းချုပ်ပြီး စမ်းခဲ့ပြီပြီပဲဗျာ မအောင်မြင်ခဲ့တာလက်တွေ့ပဲ။
အရပ်သားကို အခွင့်အလမ်းပေးသင့်ပါပြီ။
(အောင်ဇင်လတ်)