အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိကျင်းပမည့် တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ ၏ ‘လိုင်ဇာညီလာခံ’ သို့ ဝ နှင့်
မိုင်းလားတပ်ဖွဲ့ တက်ရောက်မည်မဟုတ်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက
ပြောပါသည်။
အပစ်ရပ်ထားသည့် မိုင်းလားတပ်ဖွဲ့ နှင့် ၀ တပ်ဖွဲ့တို့သည်
လက်ရှိကျင်း ပမည့် လိုင်ဇာညီလာခံအားတက်ရောက်မည်မ ဟုတ်ကြောင်း၊
တက်ဖို့လည်းမလိုအပ်ကြောင်း၊သို့သော်တနိုင်ငံလုံးအပစ်ရပ်ပွဲတွင်
မြန်မာအစိုးရဖိတ်ကြားပါက တက်ရောက်မည်ဖြစ်ကြောင်းအမည်မဖေါ်လိုသူ
မိုင်းလားတပ်ဖွဲ့ အရာရှိ ကပြော သည်။
“ကျနော်တို့နဲ့ မိုင်းလာက
အထူးနီးစပ်တဲ့ မဟာမိတ်တွေလေ။ ကျနော်တို့ လဲ အဲဒီ လိုင်ဇာ အစည်းဝေးကို
မသွားဘူး။ သူတို့လဲမသွားဘူး။ အခုဟာက - စောင့်ကြည့်နေရဦးမှာလဲ။ ဘာဘဲ ဖြစ်
ဖြစ် ကျနော်တို့ က အပစ်ရပ်ထားတဲ့ တပ်ဖွဲ့တွေဘဲ” - ဟု အမည်မဖေါ်လိုသည့်
ပန်ဆန်းအရာရှိတဦးကပြော သည်။
သို့သော် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ဝ
တပ်ဖွဲ့သည် (အရှေ့ကော အနောက်ကော) တရုတ်နိုင်ငံ နှင့်
မြန်မာနိုင်ငံအစိုးရတို့၏အရိပ်အကဲ ကြည့်နေ ရကြောင်း၊ အရှေ့သည်
တရုတ်ကိုဆိုလိုပြီး၊ အနောက် သည်မြန်မာ အစိုးရကိုဆိုလိုကြောင်း၊ ထို့ကြောင့်
လိုင်ဇာညီ လာခံအား
မတက်ရောက်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဝ
တပ်ဖွဲ့သည် သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး သီးခြားပြည်နယ်ထူထောင် ကာ
နေပြည်တော်အစိုးရအောက် တိုက်ရိုက်နေလိုသည့် အင်အား အတောင့်တင်းဆုံး
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်၏။ မိုင်းလား တပ်ဖွဲ့မှာမူဝ
တပ်ဖွဲ့နှင့် အထူးနီးစပ်သည့် မဟာမိတ်တပ်ဖွဲ့ဖြစ်ပါသည်။
သျှမ်းသံတော်ဆင့်