Headlines News :
Home » » လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား

Written By လွင့်မောင်မောင် on Thursday, October 31, 2013 | 8:40 AM

ဓာတ်ပုံ- ကိုစိန်သန်း(Facebook)
လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ် ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမအိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာသော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်ခဲ့ကြောင်း သိရ၍ ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရပ်ကွက်ထဲမှာ ရှိတဲ့ သူ့ယောက္ခမအိမ် လာလည်ရင်းသူ့ဇနီးနဲ့ အပြင်ထွက် လက္ဘရည်သောက်ပြီး ပြန်လာတာ၊လမ်းထဲမှာ ကားမောင်းတား ကြမ်းတယ်ဆိုပြီး ဂဏန်းကဆဲလိုက်တယ်။ အဲဒီမှာ သူက သေနတ်နဲ့ထုတ်ပြီး ချိန်တော့တာပဲ” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက PeoplePower သတင်းစာသို့ ပြောကြားသည်။

၎င်းထံမှ သေနတ်နံပါတ် CZ 75 B CAL 9 Luger ၉ မမပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ၉ မမ ကျည်၁၄ထောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်မှူးရုံးမှ သိရသည်။

နယ်ကျော်ကာ ရပ်ကွက်အတွင်း တရားဝင်ကိုင်ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်အား ကိုင်ဆောင်သူအား လှိုင်သာယာမမစ (ပ) ၁၂၅၃/ ၁၃၊ လက်နက်ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

Wednesday, October 30, 2013

ရေးသားသူ - ဝေဖြိုး( People power )

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template