Headlines News :
Home » » မန်စီမြို့နယ်မှ လူသုံးရာကျော် ဗန်းမော်မြို့မှာ ယာယီခိုလှုံ

မန်စီမြို့နယ်မှ လူသုံးရာကျော် ဗန်းမော်မြို့မှာ ယာယီခိုလှုံ

Written By လွင့်မောင်မောင် on Friday, November 1, 2013 | 12:07 PM

 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့ကြတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာက လူပေါင်းသုံးရာကျော်လောက်ဟာ ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အခုအခါ ယာယီခိုလှုံနေကြရပါတယ်။

အဲဒီ ကျေးရွာသူ ကျေးရွာသား ၃၀၀ ကျော်လောက်မှာ အများစုက ကလေးတွေဖြစ်ပြီး သူတို့ကို မနေ့က ကား ၇ စီးနဲ့ သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ကြိုပေးတာ ၃၄၁ ယောက်ပေါ့နော်၊ အများစုက ကလေးတွေပါ၊ မုန်းဒိန်ပါခင်ဗျ၊ ကားလိုတယ်ဆိုတော့ စီစဉ်ပေးတာ ၁ဝ စီးပေါ့ ၊ တကယ်တော့ ၇ စီးပဲ သူတို့စီးလာတယ်၊ မနက် ၉ နာရီ ၄၅ ထွက်တယ်၊ ကျနော်တို့ဆီကို နေ့လည် ၂ နာရီလောက်ရောက်တယ်”

ဗန်းမော်မြို့ နှစ်မိုင်အောင်သာ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ မနေ့က စစ်ဘေးဒုက္ခသည် ၆၀ ကျော်လောက် လာရောက်ခိုလှုံလာတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီမန်စီမြို့နယ်မှာ လောလောဆယ် တိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲ အေးချမ်းနေပြီလို့လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template