Headlines News :
Home » » လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Written By လွင့်မောင်မောင် on Thursday, October 31, 2013 | 8:38 AM


Thursday, 31 October 2013 02:10

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်များက မေးမြန်းသည်များကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချရန် ရှိ၊ မရှိ မေးခွန်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက"လောလောဆယ်တော့ လျှော့ကောက်ခံဖို့ မရှိပါ ဘူး။ ကျွန်တော်တို့ နိုဝင်ဘာလမှာ စကောက်မယ် ပြောသော်လည်း ဒီဓာတ်အားခပေးရမှာက ဒီဇင်ဘာလမှ ပေးရမှာဖြစ်တဲ့အတွက် တစ်လကြိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။

ထို့နောက် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရခြင်းနှင့် ပတ်သက်၍ "လျှပ်စစ်မီတာခကို နိုဝင်ဘာ ၁ ရက်စပြီး သတင်းစာပါအတိုင်း ပြောင်းကောက်တာ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားသည် နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် အလွန်နည်းပါတယ်။ ယနေ့ ထုတ်လုပ်နေတဲ့ ဓာတ်အားခရဲ့ ကုန်ကျစရိတ်သည်လည်း လုံးဝအရှုံးခံပြီး ထုတ်နေတာဖြစ်တယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားခကို အရှုံးကျေအောင်လို့ လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်တာဖြစ်တယ်။ လျှပ်စစ်ဓာတ်အား တိုးမြှင့်တဲ့အခါမှာလည်း ပြည်သူလူထုအတွက်ကို အဓိက စဉ်းစားပြီး တိုးပါတယ်။ တစ်ယူနစ်ကနေ ၁၀၀ ယူနစ်ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမား လက်လုပ်လက်စား လူလတ်တန်းစားတွေ သုံးတဲ့ယူနစ်တွေဖြစ်တယ်။ ဒါတွေကို သေသေချာချာ လေ့လာပြီးတော့မှ တစ်ယူနစ်ကနေ ၁၀၀ ယူနစ်ကြားမှာ သုံးတဲ့ အောက်မှာရှိတဲ့ လူတွေအားလုံးအတွက်ကို ၃၅ ကျပ်ထက် မတိုးပါဘူး။ ပြည်နယ်နဲ့ တိုင်းမှာ အားလုံး စစ်တမ်း ကောက်လိုက်တဲ့အခါမှာ ၇၀ ရာခိုင်နှုန်းဟာ ၁၀၀ ယူနစ်အောက်မှာ ရှိတယ်။ ဒါကြောင့် ၁၀၀ ယူနစ်အောက်မှာ ရှိတဲ့သူတွေအားလုံးကို ၃၅ ကျပ်နဲ့ဆက်ပြီး ပြည်သူတွေ သက်သာအောင် ကောက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက စက်မှုလုပ်ငန်းအသေးစား လုပ်ငန်းအားလုံးသည် ယူနစ် ၅၀၀၀ အောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် အဲဒါကိုလည်း ၁၀၀ ပဲထားပြီး တကယ့်အကြီးစား စက်မှုလုပ်ငန်းကြီးမှ ကျွန်တော်တို့က ၅၀၀၀ အထက်မှသာ ၁၅၀ တိုးတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နှစ်တိုင်းနှစ်တိုင်းမှာ သုံးသပ်ပြီးတော့မှ နိုင်ငံတော်က ဓာတ်အားအများကြီး ထွက်လာမယ်။ ဈေးနှုန်းတွေ ကျလာရင် ဈေးနှုန်းက ကျလာမှာပဲ။ ဓာတ်အားခတွေက ဓာတ်အားတွေ ထုတ်လုပ်လို့ ကုန်ကျစရိတ်တွေ များရင်တော့ ဒီလိုပဲ တက်မယ်။ ဒီတက်တာက နောက်ထပ်တက်ဖို့ အလားအလာ မရှိပါဘူး။ ဒါကိုလည်း သုံးသပ်ကြည့်ပြီးတော့မှ ကျွန်တော်တို့ တစ်နှစ်လောက်ကြာရင် ကျွန်တော်တို့နိုင်ငံမှာ ဂတ်စ် တာဘိုင်တွေ ထွက်လာမယ်။ ရေအားတွေ ထွက်လာရင် ဒီဓာတ်အားခတွေက ကျွန်တော်တို့ ပြန်လည် ဖြေလျှော့သွားမှာ ဖြစ်ပါတယ်"ဟု ပြန်လည် ဖြေကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားခများကို အိမ်သုံး မီတာများအတွက် ယူနစ် ၁၀၀ အထိ သုံးစွဲပါက ၃၅ ကျပ်နှုန်းနှင့် ယူနစ် ၁၀၀ အထက် သုံးစွဲပါက ကျပ် ၅၀ နှုန်းအထိ နိုဝင်ဘာလမှ စတင် တိုးမြှင့် ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။

Sa Maung(Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template