Headlines News :
Home » , » ဗန်းမော်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာနေသည့် ကုလအထူးကိုယ်စားလှယ်၏ယာဉ်တန်း တောင်ပြိုမှုကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် ပိတ်မိ

ဗန်းမော်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာနေသည့် ကုလအထူးကိုယ်စားလှယ်၏ယာဉ်တန်း တောင်ပြိုမှုကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် ပိတ်မိ

Written By လွင့်မောင်မောင် on Wednesday, July 23, 2014 | 11:26 PM

 23, 2014
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ရာ ဗန်းမော်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်းလ်ဟီးလီ၏ ယာဉ်တန်းလမ်းတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

တောင်ပြိုကျမှု ဖြစ်ပွားသည့်နေရာမှာ ဒေါ့ဖုန်းယန်မြို့နယ် အတွင်းရှိ ခလတောင်ပေါ် လမ်းကြောင်းတွင်ဖြစ်ပြီး နေရာလေးနေရာတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ရာ ယင်းလမ်းပိုင်းရှိ နှစ်မိုင်နီးပါးမှာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရနိုင်သေးကြောင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှ ကားသမားများ၏ ပြောပြချက်အရ သိရသည်။

တောင်ပြိုမှုဖြစ်စဉ်ကို ကြုံတွေ့ခဲ့သည့် ယာဉ်မောင်း ဦးဇော်မျိုးဝင်းက “တောင်ပြိုတာက လေးနေရာလောက်မှာ ဖြစ်နေတာ။ ခလတောင်အ၀င်နဲ့ အထွက်မှာ ပိတ်နေတာက တစ်ထပ်တိုက်အိမ် နှစ်လုံးစာလောက် ရှိတယ်။ သစ်ပင်ကြီးတွေ လမ်းမှာပြိုလဲနေတာ တွေ့ရတယ်။ ဆောက်လုပ်ရေးက လမ်းရှင်းနေပေမယ့် မနက်ဖြန် နေ့လယ်လောက်အထိ မပြီးနိုင်ဘူး။ ဟိုဘက်ဒီဘက် ကားအစီး ၇၀ လောက် ပိတ်မိနေတာ။ ဆက်သွားလို့မရတာနဲ့ မြစ်ကြီးနားကို ပြန်လှည့်လာတာ” ဟု ဆိုသည်။

မစ္စရန်လ်ဟီးလီ၏ ခရီးစဉ်တွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်ကိစ္စနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဒေါ့ဖုန်းယန်မှာ မြေပြိုနေတော့ ရှင်းလင်းတာကို စောင့်နေတယ်။ လောလောဆယ် ဘယ်မှာအိပ်မယ်ဆိုတာ မသိသေးဘူး။ ဗန်းမော်ကို နောက်ကြောင်းပြန်လှည့်ပြီး နောက်နေ့မှ ပြန်လာမယ်လို့လည်း ကြားတယ်။ လမ်းကိုတော့ ရှင်းလင်းမှုတွေ လုပ်နေတုန်းပဲ။ အခုအချိန်ထိတော့ နောက်ကိုပြန်မခေါက်သေးဘူး။ မပြီိးသေးရင် ဗန်းမော်ပြန်အိပ်မယ်ဆိုတာပဲ ကြားထားတယ်” ဟု ဇူလိုင် ၂၂ ရက် ည ၇ နာရီခွဲဝန်းကျင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မစ္စရန်ဟီးလီသည် ကချင်ပြည်နယ်သို့ ဇူလိုင် ၂၁ ရက်မှ စတင်လာရောက်ရှိလာပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မွန်းလွဲပိုင်းတွင် ၀ိုင်းမော်၊ သာဂရ သရက်တော ဒုက္ခသည်စခန်းသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ပြီး ညနေပိုင်းတွင် ဗန်းမော်မြို့သို့ သွားရောက်ခဲ့ရာ ဇူလိုင် ၂၂ ရက်နေ့တွင် မစ္စရန်လ်ဟီးလီသည် ဗန်းမော်မြို့နယ်ရှိ ဒုက္ခသည်စခန်းသုံးခုနှင့် အကျဉ်းထောင်သို့ သွားရောက်လေ့လာကာ လူမှုအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံပြီး မွန်းလွဲနှစ်နာရီတွင် မြစ်ကြီးနားမြို့သို့ ပြန်လာရာ တောင်ပြိုလမ်းပိတ်ဆို့မှုကို ကြုံတွေ့နေခြင်းဖြစ်ကြောင်း သိရသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template