တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ လေဆိပ်တွင် ဇူလိုင်လ၂၁ ရက်နေ့က
ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင် လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့
အလုပ်လုပ်ကိုင်ရန် အလုပ်သမားများအား ခေါ်ဆောင်လာသူတစ်ဦးအား
အလုပ်သမားများနှင့်အတူ ကော့သောင်းမြို့နယ် လူကုန်တားတပ်ဖွဲ့မှ
ဖမ်းဆီးခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
ကော့သောင်းလေဆိပ်တွင် မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ ထိုင်းနိုင်ငံ
ဖန်ငကျေးရွာအနီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သမားဖြစ်
အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာအလုပ်သမား ၈ ဦးအား၊ တစ်ဦးလျှင် ကျပ်ငွေ
၅သိန်းဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု သိရကြောင်း လူကုန်တားတပ်ဖွဲ့မှ
ရဲအုပ်အောင်ဆန်းဝင်းက ပြောသည်။
အလုပ်လုပ်ကိုင်ရန် လိုက်ပါသူများသည် ပဲခူးတိုင်းဒေသကြီး
လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာဇာတိ အမျိုးသား ၅နှင့် အမျိုးသမီး
၃ဦးဖြစ်ပြီး လက်ရှိတွင် လူကုန်တားတပ်ဖွဲ့မှ ယာယီထိန်းသိမ်းထားပြီး
စစ်ဆေးဆောင်ရွက်မှုများပြီးစီးပါ
တပ်ဖွဲ့က ပြောသည်။
"ကျွန်မတို့ကို ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု
လုပ်အားခ ဘတ်ငွေ ၃၀၀ (ကျပ်ငွေ ၉၀၀၀) ရမယ်လို့ ပြောပြီး ခေါ်လာတာ”ဟု
အလုပ်လုပ်ရန်လိုက်လာခဲ့သူ မစန်းစန်းဝင်းက ပြောသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင်မရှိပဲ
အလုပ်အလုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ၀န်ဆောင်ခယူကာ
တရားမ၀င်ပို့ဆောင်ပေးခဲ့သူအား ပြည်ပအလုပ်အကိုင်ဆိုရာဥပဒေပုဒ်မ (၂၆ ) အရ
ကော့သောင်းလူကုန်တား ရဲတပ်ဖွဲ့စိတ်မှ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်
ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ယခုလဆန်းပိုင်းကလည်း ယင်းသို့ လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်သမား
ခေါ်ဆောင်သူ ၅ ဦးကို ထိုင်း - မြန်မာနယ်စပ်အနီး မောတောင်ဒေသတွင်
ဖမ်းဆီးခဲ့သည်။
|Dawei Watch|