Headlines News :
Home » , » လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ညီလာခံ တက်ဖို့ မြစ်ကြီးနား ရောက်

လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ညီလာခံ တက်ဖို့ မြစ်ကြီးနား ရောက်

Written By လွင့်မောင်မောင် on Sunday, July 20, 2014 | 8:35 PM

 kio-govt-peace-305.jpg
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှာ ဒီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်ကြာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့အတွက် လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ရောက်ရှိနေ ပါတယ်။
ဒီတစ်ကြိမ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံဟာ အရေးကြီးတဲ့အကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က အခုလို ပြောပါတယ်။
"ဒီ NCCT အဖွဲ့ဝင်တွေကတော့ အားလုံးနီး ပါးရောက်ပါပြီ၊ လားအိုအဖွဲ့ ရခိုင်အဖွဲ့ရောက်ပြီ၊ ကရင်က ငြိမ်းချမ်းရေးကောင်စီနဲ့ သူတို့အဖွဲ့ရောက် ပြီ၊ DKBA ကတချို့ရောက်ပြီ၊ မွန်လည်း တချို့ရောက်ပြီ ပြီးတာနဲ့ သဘောတူညီချက်ရတဲ့ သက်သေလည်း တော်တော်များများ ရှိခဲ့ပြီပေါ့၊ အခုဆိုရင်ကျန်နေတဲ့ အချက်တွေကို ပြန်ဆွေးနွေးကြမှာပေါ့၊ ဒီတစ်ခါကျတော့ အထဲကပါဝင်ရမယ့် အသေးစိတ်အကြောင်းအရာတွေကို ပြန်ဆွေးနွေးတဲ့ ဆွေးနွေးပွဲလည်း ဖြစ်နေတယ်ဆိုတော့ အရေးကြီး တဲ့ ဆွေးနွေးပွဲလို့ ဆိုလို့ရတာပေါ့လေ၊ ဒါပြီးရင် အစိုးရနဲ့ ပြန်တွေ့ဆုံဆွေးနွေးရမယ့် အချက်ဖြစ်တဲ့ အတွက်ကြောင့်မို့ နောက်တစ်ခါ ဒီလိုဆွေးနွေးပွဲက လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မယ်"
ညီလာခံတက်ရောက်မယ့် တိုင်းရင်းသားခေါင်းဆောင်တွေကို မြစ်ကြီးနားမြို့ကနေ လိုင်ဇာအထိ လမ်းခရီးတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးဖို့  မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ကချင်ပြည်နယ်အစိုးရ အဖွဲ့နဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ညီလာခံကို လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ညီလာခံကို ဒီနှစ်မတ်လက ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ကျင်းပခဲ့ပါတယ်။
 RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template