Headlines News :
Home » » ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် တရားဝင်ခွင့်ပြုချက်ရရှိ

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် တရားဝင်ခွင့်ပြုချက်ရရှိ

Written By လွင့်မောင်မောင် on Tuesday, July 22, 2014 | 9:25 PM

 
 ရန်ကုန် ဇူလိုင် ၂၁

 ဓမ္မစေတီ ခေါင်းလောင်းဆယ် ယူရန် ကော့သောင်းမြို့နေ ဦးစံလင်း ဦးဆောင်သော အဖွဲ့၏ တင်ပြမှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က တရားဝင်ခွင့်ပြု လိုက်ကြောင်း အတည်ပြု ထားသည်။ ဇူလိုင်လ ဒုတိယပတ်ရက်စွဲဖြင့် တရားဝင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ကော့သောင်းမြို့နေ သုဓမ္မ မဏိဇောတဓရဦးစံလင်းက မွန်ဓမ္မ စေတီခေါင်းလောင်းကြီးအပါအဝင် ဥာဏ်တော်ခုနစ်တောင်ရှိ ရွှေသား စစ်စစ်ရပ်တော်မူမြတ်စွာဘုရားနှစ်ဆူ နှင့် တန်၆ဝ ခန့်ရှိ အခြားခေါင်း လောင်းတော်ကြီးတစ်လုံးတို့ကို မူလနေရာဖြစ်သော ရွှေတိဂုံကုန်း တော်ပေါ်သို့အမြန်ဆုံးပြန်လည်တင် လှူပူဇော်နိုင်ရန် ပြန်လည်ဆယ်ယူ ခွင့်ပြုပါရန်တင်ပြခဲ့သည်။

ဦးစံလင်းဦးဆောင်သောအဖွဲ့ သည်ခေါင်းလောင်းကြီးဆယ်ယူရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြောင်း၊ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် သြဂုတ် ၁ဝ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်အထိ ၃၂ ရက်ကြာမြင့်ခဲ့ပြီး ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့ရ ကြောင်း၊ ၁၉၉၈ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် သောင်တူးစက် ၁၅ဝ၂ ဖြင့်ရှာဖွေရန် ကြိုးပမ်းခဲ့ရာ ၁၉၉၈ ခုနှစ် သြဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲတွင် ခေါင်းလောင်းကြီးရှိ သောနေရာကို တွေ့ရှိခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် ၁ဝဝဝ ဖြင့်ဆယ်ယူ ရန်ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့ရသည်။ဓမ္မ စေတီခေါင်းလောင်းကိုအမေရိကန် နိုင်ငံမှလွှတ်တင်ထား သောနာဆာ Land Sat 7 ဂြိုဟ်တုဖြင့်ခေါင်း လောင်းပုံရိပ်ကို ၂ဝ၁၂ ခုနှစ်မတ်လ တွင်းကအတိအကျ တွေ့ရှိခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစားပါမောက္ခတစ်ဦးက ဆို ထားသည်။ ဓမ္မစေတီခေါင်းလောင်း ကြီးမှာ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ဆုံရာအလယ် တွင်နစ်မြုပ်နေသည်မှာနှစ်ပေါင်း ၃ဝဝ ကျော်ရှိပြီဟု သိရသည်။

အာကာ
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template