Headlines News :
Home » » အာဇာနည်ကြီးတွေကို ကျေးဇူး ဆပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အာဇာနည်ကြီးတွေကို ကျေးဇူး ဆပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Written By လွင့်မောင်မောင် on Sunday, July 20, 2014 | 8:42 PM

 dassk-martyrs-day-305
အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ဖို့ တာဝန်ရှိကြောင်း၊ တာဝန်ကျေခြင်းဟာ အထိရောက် ဆုံး ကျေးဇူးဆပ်ခြင်းဖြစ်ကြောင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့တာပါ။
"လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ဒီမိုကရေစီကြိုးပမ်းမှုဟာ ဆက်နွယ်နေပါတယ်၊ ကျမတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်လို့ တကယ်ကျေးဇူးတရား ရှိတယ်ဆိုလို့ရှိရင် အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်ဖို့ ကျမတို့ဆက်ပြီးတော့လုပ်သွားဖို့ တာဝန်တွေအများကြီးရှိပါတယ်၊ တာဝန်ကျေခြင်းဟာ အမှန်ကန်ဆုံး အထိရောက်ဆုံး ကျေးဇူးဆပ်ခြင်းဖြစ်ပါတယ်"
လက်ရှိ မြန်မာနိုင်ငံဟာ တကယ်ခိုင်မာတဲ့ ဒီမိုကရေစီပြည်ထောင်စု မဟုတ်သေးကြောင်းနဲ့ ဒီမိုကရေစီ ပြည်ထောင် စု ဖြစ်အောင်လုပ်ဆောင်ဖို့ တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနေ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို သံဃာတော်တွေ၊ နိုင်ငံတကာ သံတမန်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီဝင်တချို့ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့နဲ့ အစိုးရဌာနအကြီးအကဲတွေ တက်ရောက်ဂါရ၀ပြုခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးတို့ကလည်း ၆၇ နှစ်မြောက် အာဇာနည်နေ့အတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီရုံးမှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ပြောကြားတဲ့ မိန့်ခွန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း လွန်ခဲ့တဲ့ ၆၇ နှစ်က မြန်မာနိုင်ငံမှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့နေ့ကို သင်ခန်းစာယူရင်း လက်ရှိမှာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ထပ်မံမကြုံတွေ့ရအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်တယ်လို့ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့ အတွက် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ အမှတ်တရစကားတွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်း တင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။

 RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template