Headlines News :
Home » , » နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ မြန်မာဘာသာ အင်တာနက်စာမျက်နှာ

နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ မြန်မာဘာသာ အင်တာနက်စာမျက်နှာ

Written By လွင့်မောင်မောင် on Thursday, July 24, 2014 | 8:05 AM

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က သူတို့ရဲ့ မြန်မာဘာသာ အင်တာနက်စာမျက်နှာအကြောင်း သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ 

ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


လူကြီးမင်းများအားလုံး

ကျေးဇူးပြု၍ အောက်ပါ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) မှ Cytomegalovirus retinitis ဟု ခေါ်သော အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် ခုခံအား ကျဆင်းလာသော လူနာများတွင် အခွင့်အရေးယူ ရောဂါတစ်မျိုး ဖြစ်သည့် CMV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတတ်သောရာသက်ပန် မျက်စိကွယ်သွားနိုင်သည့်ရောဂါကို သောက်ဆေးဖြင့် မြန်မာနိုင်ငံတွင် ကုသမှုပေးနေပြီ ဖြစ်သည့် အကြောင်း ထုတ်ဖော်ပြောကြားသော သတင်းထုတ်ပြန်ချက် နှင့် လူနာမှတ်တမ်းအားဖတ်ရှုနိုင်ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ကို သြစတြေးလျားနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် အပြည်ပြည်ဆိုင်ရာအေအိုင်ဒီအက်စ်ညီလာခံတွင် ထုတ်ပြန်လိုက်တာပါ။

 ဒီအခွင့်အရေးကိုယူပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မြန်မာအင်တာနက်စာမျက်နာကို မိတ်ဆက်ပေးလိုပါတယ်။ အဲဒီမှာ မေ့လျော့ခြင်းခံထားရတဲ့ ဒီရောဂါအကြောင်း ယခင်ကနာကျင်ခံစားခဲ့ရတဲ့ ကုသမှုအစား သောက်ဆေးတိုက်ကျွေးနိုင်ပြီဖြစ်တဲ့အကြောင်း ထားဝယ်မြို့ရှိ MSF ဆေးခန်းတွင်ရိုက်ကူးထားတဲ့ မြန်မာစာတန်းထိုးထားသော ဗီဒီယိုဖိုင်အတိုကိုကြည့်ရှုနိုင်ပါတယ်။

 ဒီဗီဒီယိုဖိုင်အတိုကိုကြည့်ရှုနိုင်ရန် အောက်ဖေါ်ပြပါစာတမ်းကိုနှိပ်ပါ အင်တာနက်စာမျက်နာကိုလည်း မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လွပ်လပ်စွာကြည့်ရှုနိုင်ပါတယ်။

·         http://www.msfmyanmar.org/mm/article/23456

အကယ်၍ သင်တို့မှ ဒီအကြောင်းအရာကို ဖော်ပြရန် စိတ်ဝင်စားလျှင် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် MSF မှပြောရေးဆိုခွင့်ရှိသူများ အင်တာဗြူးဖြေရန် ရန်ကုန်တွင်ရှိပါတယ်။ ကျွန်တော်တို့မှ ရုပ်မြင်သံကြားများတွင်ပြရန် ထားဝယ်မြို့တွင်ရိုက်ကူးထားသော အရည်အသွေးကောင်း b-roll နှင့် ပုံနှိပ်ထုတ်ဝေရန် ဓါတ်ပုံများ ကိုပေးနိုင်ပါတယ်။

 ကျေးဇူးပြု၍ အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော့်အား တိုက်ရိုက်ဆက်သွယ်နိုင်ပြီး မြန်မာဘာသာဖြင့် မအေးပြည့်စုံ အား ပူးတွဲပါ လိပ်စာဖြင့် ဆက်သွယ်နိုင်ပါသည်။

ဆန္ဒမွန်ဖြင့်

Best regards,

Eddy McCall (Mr.)

Communications Manager

Médecins Sans Frontières Myanmar

Mobile GSM: (+95)(0)942 027 6805

Mobile CDMA: (+95)(0)949 332 161

Email:  myanmar-communications@oca.msf.org

Skype: myanmar.communications.oca

 

Office Phone Contacts

MSF-Holland: (+95)(01)122 1308; (01)855 1264

MSF-Switzerland: (+95)(01)526 194; (+95)(01)502 509
ဧရာဝတီ Blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template