မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် တခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ဓမ္မစေတီ
ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်နေ့ စတင် တူးဖော်သွားတော့မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ အောကစ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တူးဖော်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
ခေါင်းလောင်းကြီးကို မြေပုံ မောင်စံလင်း (ကော့သောင်း) က
ဦးဆောင်တူးဖော်သွားမှာဖြစ်ပြီး ခန့်မှန်းချေ ကျပ် သိန်း ၁၈၀၀ ကျော်
ကုန်ကျမယ်လို့ ဆိုပါတယ်။
ခေါင်းလောင်းတော်ကြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာ အတိအကျ ပြောကြားခြင်းမရှိပဲ
သြဂုတ် ၉ ရက်နေ့ကနေ ၂၆ ရက်အထိ တူးဖော်သွားမှာ ဖြစ်ပြီး တူးဖော်ပြီး ၅
ရက်ကြာမှသာ ပြသသွားမယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
By ဒီဗွီဘီ