Headlines News :
Home » » Bi မွန်းတည့်နေဂျာနယ်၏ ဖမ်းဆီးခံရသူခုနစ်ဦးအနက် တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ယနေ့ရုံးထုတ်မည်

Bi မွန်းတည့်နေဂျာနယ်၏ ဖမ်းဆီးခံရသူခုနစ်ဦးအနက် တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ယနေ့ရုံးထုတ်မည်

Written By လွင့်မောင်မောင် on Tuesday, July 22, 2014 | 11:45 AM


Bi မွန်းတည့်နေဂျာနယ်၏ ဖမ်းဆီးခံရသူခုနစ်ဦးထဲမှ ချုပ်ရက်ရမန်ပြည့်ပြီဖြစ်သော တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ယနေ့ရုံးထုတ်မည်ဖြစ်ကြောင်း ယင်းဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောကြားသည်။

ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ နေအိမ်တစ်ခုတွင် Bi မွန်းတည့်နေဂျာနယ်၏ ထုတ်ဝေသူလင်မယားနှစ်ဦးဖြစ်သော ဦးကျော်မင်းခိုင်နှင့် ဒေါက်တာအိအိစံတို့အပြင် ၎င်းတို့၏မိတ်ဆွေ ဦးယဉ်မင်းထွန်းတို့ကိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး မူလဖမ်းဆီးခံထားရသည့် တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦး၊ သတင်းထောက်တစ်ဦးနှင့်ဆိုပါက သတင်းတစ်ပုဒ်ရေးသားမှုကြောင့် ရဲသတင်းတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ ခုနစ်ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၇ရက်ကဖြန့်ချိခဲ့သော Bi မွန်းတည့်နေဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ကထုတ်ပြန်" ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ပါလာခဲ့သည်။
ဖမ်းဆီးခံရသူခုနစ်ဦးအနက် အယ်ဒီတာသုံးဦးနှင့် သတင်းထောက်တစ်ဦးတို့ကို ကျိုက်ဝိုင်းရှိ သတင်းတပ်ဖွဲ့စစ်ကြောရေးစခန်းတွင် စစ်ဆေးနေပြီး ထိုင်းနိုင်ငံ မဲဆောက်သို့ သွားရောက်ဖမ်းဆီးခဲ့သော ဂျာနယ်ထုတ်ဝေသူလင်မယားနှင့် မိတ်ဆွေတို့ကိုမူ မည်သည့်နေရာရောက်ရှိနေကြောင်း မသိရသေး
ယင်းသတင်းတွင်ပါဝင်သော အကြောင်းအရာများနှင့်ပတ်သက်၍ မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်နှင့် အယ်ဒီတာအဖွဲ့ဝင်းများဖြစ်သော ကိုဝင်းတင်၊ ကိုရဲမင်းအောင်တို့ကို သတင်းတပ်ဖွဲ့မှ ဇူလိုင် ၈ နက် နံနက်အစောပိုင်းတွင် ၎င်းတို့သုံးဦး၏နေအိမ်များသို့ လာရောက်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် အမှတ်(၂) သတင်းတပ်ဖွဲ့ခွဲရုံးမှ ရဲမှူးထွန်းသိန်းက တရားလိုပြုလုပ်ကာ ပန်းဘဲတန်းရဲစခန်း၌ အမှုဖွင့်ကာ ချုပ်ရက်ရမန်နှစ်ပတ်ယူခဲ့ပြီး အယ်ဒီတာသုံးဦးကို ယနေ့စတင်ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူခုနစ်ဦးအနက် အယ်ဒီတာသုံးဦးနှင့် သတင်းထောက်တစ်ဦးတို့ကို ကျိုက်ဝိုင်းရှိ သတင်းတပ်ဖွဲ့စစ်ကြောရေးစခန်းတွင် စစ်ဆေးနေပြီး ထိုင်းနိုင်ငံ မဲဆောက်သို့ သွားရောက်ဖမ်းဆီးခဲ့သော ဂျာနယ်ထုတ်ဝေသူလင်မယားနှင့် မိတ်ဆွေတို့ကိုမူ မည်သည့်နေရာရောက်ရှိနေကြောင်း မသိရသေးဟု မွန်းတည့်နေဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်၏ပြောပြချက်အရ သိရသည်။

ယင်းသတင်းနှင့်ပတ်သက်၍ အမှုဖွင့်ထားသူ အမှတ်(၂) သတင်းတပ်ဖွဲ့ရုံးမှ ရဲမှူးသိန်းထွန်းအား ပန်းဆိုးတန်းရှိ သတင်းတပ်ဖွဲ့ရုံးသို့ စတင်အမှုဖွင့်စဉ်က တစ်ကြိမ်၊ ဇူလိုင် ၂၁ ရက်ကတစ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း လုံခြုံရေးရယူနေရသည်၊ အစည်းအဝေးတက်နေရသည်၊ စာသင်နေရသည်ဟု သတင်းတပ်ဖွဲ့ရုံးရှိ ရဲအရာရှိများက ပြောကြားခဲ့ပြီး တွေ့ခွင့်မရခဲ့ပါ။

ထို့ပြင် ယင်းကဲ့သို့ထုတ်ဝေသူ၊ အယ်ဒီတာများနှင့် သတင်းထောက်စုစုပေါင်း ခုနစ်ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံရသောကြောင့် တစ်ပတ်နှစ်ကြိမ်ထုတ်ဝေသော မွန်းတည့်နေဂျာနယ်နှင့် Bi မွန်းတည့်နေဂျာနယ်တို့မှာ ထုတ်ဝေမှုရပ်နားထားရကြောင်း သိရသည်။
         

သက်မင်း EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template