Headlines News :
Home » » အ.မ.က (၃၁) ကျောင်း မူလတန်းကလေး ၂၄ ဦး အမိုးနီးယားဓါတ်ဆိပ်သင့်

အ.မ.က (၃၁) ကျောင်း မူလတန်းကလေး ၂၄ ဦး အမိုးနီးယားဓါတ်ဆိပ်သင့်

Written By လွင့်မောင်မောင် on Sunday, July 20, 2014 | 8:37 PM

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပစက်မှုဇုန်မှာရှိတဲ့ ရတနာသိင်္ဂီ အအေးခန်းစက်ရုံမှာ မနေ့မနက်ပိုင်းက အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် အဲဒီစက်ရုံနားက အ.မ.က (၃၁) ကျောင်းက ကလေး ၂၄ ဦး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ဆေးရုံတင်ထားရတဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။
"၉ နာရီလောက်က စပြီးတော့ အမိုးနီးယားအနံ့ထွက်တယ်၊ ဆရာဆရာမတွေက အမိုးနီးယားနံတယ်ပေါ့ ၊ ကျောင်းတက်တဲ့အချိန် ၁ဝ နာရီနောက်ပိုင်းမှာ အမိုးနီးယားအနံ့က အရမ်းပြင်းတာ၊ ပြင်းတာမခံနိုင်ဘူး၊ မခံနိုင်တဲ့အတိုင်းအတာမှာ ကလေးတွေက နုနယ်တော့ နှားခေါင်းသွေးယိုတဲ့သူတွေရှိတယ်၊ အန်တဲ့လူကအန်၊ ဆရာမတွေက ကလေးတွေကို ကျောင်းအပြင်ကို အကုန်လုံးဆွဲခေါ်ပြီးတော့ထုတ်တယ်၊ ဆရာမတွေ က ကျောင်းသားမိဘတွေကို အသည်းအသန်ဖုန်းဆက်၊ ကျောင်းသားမိဘတွေကလာ၊ ကလေးတွေကို လုံခြုံတဲ့နေရာကို အကုန်လုံးပို့လိုက်တယ်၊ အန်တဲ့လူကအန်၊ နှာခေါင်းသွေးယိုတဲ့လူကယိုဆိုတော့ ရပ်ကွက်လူကြီးတွေရော ဌာနဆိုင်ရာလူတွေရော အကုန်လုံးစုစည်းပြီးတော့ ဆေးရုံကိုပို့လိုက်တယ်"
ဆေးရုံတက်ရောက်ကုသခံရတဲ့ ကလေးငယ်တွေကို ၂၄ နာရီစောင့်ကြည့်ခဲ့ပြီး ဒီကနေ့ ဆေးရုံဆင်းခွင့်ပြု လိုက်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် စက်မှုဇုန် (င) ရပ်ကွက်မှာရှိတဲ့ အမှတ်(၃၁) မူလတန်းကျောင်းဟာ စက်ရုံတွေ အနီးအနားမှာရှိတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးအတွက် မိဘတွေက စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
 RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template