Headlines News :
Home » » ကသာမြို့က မြန်မာ့ဆက်သွယ်ရေး ဆန္ဒပြပွဲ လက်ကိုင်ဖုန်းများ ပေါက်ခွဲ

ကသာမြို့က မြန်မာ့ဆက်သွယ်ရေး ဆန္ဒပြပွဲ လက်ကိုင်ဖုန်းများ ပေါက်ခွဲ

Written By လွင့်မောင်မောင် on Sunday, February 22, 2015 | 10:29 PM

 
လက်ကိုင်ဖုန်းများ ပေါက်ခွဲနေကြစဉ် (ဓာတ်ပုံ - ဟာဂျူလီ ကသာ)
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်က မြန်မာ့ဆက်သွယ်ရေး ဖုန်းလိုင်း မကောင်းတဲ့ အတွက် မြို့ခံရာနဲ့ချီ ဆန္ဒပြခဲ့ကြပြီး လက်ကိုင်ဖုန်းတွေကိုလည်း ပေါက်ခွဲခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို မီဒီယာသမားတွေက ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြတာဖြစ်တဲ့အကြောင်းနဲ့ ဆန္ဒပြသူတွေဟာ ဆန္ဒပြရင်း ဒေါသအလျောက် ဖုန်းတွေ ပေါက်ခွဲပစ်ခဲ့ကြတာလို့ မြို့ခံစာနယ်ဇင်းသမား ကာတွန်းဆရာ ဟာဂျူလီက ပြောပါတယ်။

“ကသာမှာ ဆက်သွယ်ရေးဖုန်းက အတော်ညံ့တာဗျ၊ ညံ့တာမှ မြို့တွင်းဖုန်းခေါ်မရတာကို လနဲ့ချီကြာနေပြီ။ တရက်လုံးခေါ်လို့ တကော မထွက်ဘူး။ ကျနော်တို့ ကသာမှာက ရွေးချယ်စရာ မရှိဘူး။ အမ်ပီတီ တမျိုးပဲ ရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြတာ၊ တချို့က စိတ်တိုပြီး ပေါက်ခွဲပစ်ကြတာ။”

ကသာမြို့မှာ အင်တာနက်လိုင်း မရတာလည်း နှစ်နဲ့ချီ ကြာမြင့်နေပြီလို့ ဆိုပါတယ်။

ဖုန်းလိုင်းမကောင်းလို့ ဆန္ဒပြကြတဲ့ ကသာမြို့ခံတွေဟာ မြို့တွင်းလှည့်လည်ချီတက်ခဲ့ကြသလို မြို့လယ်မှာစုရုံးပြီး ဟောပြောတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာပြည်မှာ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေဝင်ရောက်လာပြီး ဖုန်းလိုင်းတွေ တိုးချဲ့ခဲ့ပြီးတဲ့နောက် ဖုန်းသုံးစွဲသူ အရေအတွက် သိသိသာသာ တိုးတက်ခဲ့သလို တဖက်မှာ ဖုန်းလိုင်းကျပ်တာ၊ ဖုန်းခေါ်ရ အဆင်မပြေတာတွေလည်း ဖြစ်ပွားနေပေမယ့် အခု ကသာမြို့ခံတွေ ဆန္ဒပြသလိုမျိုးတော့ ဘယ်မြို့ရွာမှာမှ ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ဂျပန်ကုမ္ပဏီတခုနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ အစိုးရပိုင်ဆက်သွယ်ရေး လုပ်ငန်းတခု ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template