
ကိုက်ကွတ် ဖေဖော်ဝါရီ ၂၂
IS အဖွဲ့သည် ဖမ်းဆီးရမိထားသည့် အကျဉ်း သား၂၁ဦးကို ၄င်းတို့ထိန်းချုပ်ထားသည့် ကိုက်ကွတ် ခရိုင်အတွင်းရှိ လမ်းမများပေါ်တွင် သံလှောင်အိမ် ထဲထည့်ကာ မသတ်မီအင်တာဗျူးပြုလုပ်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့ကြောင်း ဒေးလီး မေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၂၁ဦးမှာ ၄င်းတို့နှင့်တိုက်ခိုက်နေသည့် ကာ့ဒ်လက်နက်ကိုင် အဖွဲ့မှတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်သည် ကိုးမိနစ်ခန့်ကြာမြင့်ခဲ့ပြီး လမ်းမ ပေါ်တွင် အများပြည်သူရှေ့၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
အဖမ်းခံထားရသည့် ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ဦး စီကို သံလှောင်အိမ်ထဲထည့်ကာ တစ်ဦးလျှင် ကား တစ်စီးစီပေါ်တင်၍ စစ်ရေးပြအခမ်းအနားကဲ့သို့ သတ်မည့်နေရာသို့တန်းစီချီတက်ခဲ့ပုံကို ဦးစွာရိုက် ကူးဖော်ပြခဲ့သည်။လမ်းများပေါ်တွင် လာရောက်ကြည့်ရှုသူများ နှင့်ပြည့်နှက်ခဲ့ပြီး ကိုးမိနစ်ကြာမြင့်သည့် အဆိုပါ ဗီဒီယိုဖိုင်တွင် မျက်နှာဖုံးစွပ်မထားသည့် IS လက် နက်ကိုင်တစ်ဦးက မိုက်ကရိုဖုန်းတစ်လုံးကိုင်ကာ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တစ်ဦးချင်းစီ အင်တာဗျူးခဲ့ခြင်းဖြစ်သည်။
သတ်ကွင်းထဲတွင် သံလှောင်အိမ်တစ်ခုချင်းစီအတွင်းမှ အကျဉ်းသား များကိုအင်တာဗျူးခဲ့ခြင်းဖြစ်သည်။ အင်တာဗျူး အစီအစဉ်ပြီးနောက် အဖမ်းခံထားရသူများထဲမှ အသက်အကြီးဆုံးဖြစ်ဟန်တူသော သူတစ်ဦးကို လှောင်အိမ်ထဲမှဆွဲထုတ်ကာ IS တပ်ဖွဲ့ဝင်များရှေ့ တွင်ဒူးထောက်စေခဲ့ပြီး မျက်နှာကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
ထို့နောက် ဗီဒီယိုမှာ အနက်ရောင် ပြောင်းလဲသွားပြီး ပြီးဆုံးသွားခဲ့သည်။
ယခုဗီဒီယိုဖိုင်သည် IS အဖွဲ့အဓိကထိန်းချုပ် ထားသော မိုဆူးမြို့ကို ကာ့ဒ်လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့ပြီးနောက် နောက်တစ် ရက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
T 1 P (Ref : Daily Mail)
The Union Daily