Headlines News :
Home » » အနောက်နိုင်ငံတွေက Shopping Center တွေကိုတိုက်ဖို့ ဆိုမာလီ စစ်သွေးကြွတွေ ခြိမ်းခြောက်

အနောက်နိုင်ငံတွေက Shopping Center တွေကိုတိုက်ဖို့ ဆိုမာလီ စစ်သွေးကြွတွေ ခြိမ်းခြောက်

Written By လွင့်မောင်မောင် on Monday, February 23, 2015 | 9:13 AM

အမိမြေလုံခြုံရေးဆိုင်ရာဝန်ကြီး Jeh Johnson
အမေရိကန်၊ ကနေဒါနဲ့ ယူကေက Shopping Center ကြီးတွေအပေါ် တိုက်ခိုက်ဖို့ ဆိုမာလီယာနိုင်ငံအခြေစိုက် အစ္စလာမ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို အာဏာပိုင်တွေဘက်က အလေးအနက်ထားတယ်လို့ အမေရိကန် အမိမြေလုံခြုံရေးဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့ပါတယ်။
အနောက်တိုင်း Shopping နေရာတွေကိုတိုက်ခိုက်ကြဖို့ တိုက်တွန်းထားတဲ့ Video တခုကို al-Shabaab စစ်သွေးကြွတွေ ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူတွေ နိုးနိုးကြားကြားရှိကြဖို့နဲ့ မသင်္ကာစရာတွေ့ရင် သတင်းပေးကြဖို့ CNN ရုပ်သံနဲ့ မေးမြန်းခန်းမှာ အမိမြေလုံခြုံရေးဆိုင်ရာ ဝန်ကြီး Jeh Johnson
က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်ဖို့ တိုက်တွန်းထားတဲ့ Shopping center တွေထဲမှာ အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း Minnesota
ပြည်နယ်က Mall of America shopping center ကြီလည်း ပါဝင်ပါတယ်။ Minnesota မှာ ဆိုမာလီလူမျိုး ပြောင်းရွှေ့အခြေချနေထိုင်နေကြသူ တော်တော်များများ ရှိပါတယ်။
တိုက်ခိုက်မှုတွေလုပ်ကြဖို့ တိုင်းပြည်ထဲမှာ ရှိနေကြသူတွေကို စစ်သွေးကြွအဖွဲ့တွေက ဆော်သြလာကြတာက အသွင်ပြောင်းလာတဲ့
ကမ္ဘာတဝန်း အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ဖြစ်တယ်လို့ ဝန်ကြီး Jeh Johnson က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ
လေ့ကျင့်ထားတဲ့အကြမ်းဖက်သမားတွေ နိုင်ငံထဲဝင်လာပြီး တိုက်ခိုက်မှုတွေလုပ်တဲ့ အခြေအနေမျိုးမဟုတ်တော့ဘူးလို့ သူကဆိုပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလတုန်းက Kenya နိုင်ငံ Nairobi မြို့မှာရှိတဲ့ Westgate shopping mall ထဲကို Al-Shabaab စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုမှာ ၆၇ ယောက်သေဆုံးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template