Headlines News :
Home » » အမျိုးသားပညာရေး ဥပဒေကြမ်းကို ကျေနပ်ဟု မဘသ ဆရာတော်မိန့်

အမျိုးသားပညာရေး ဥပဒေကြမ်းကို ကျေနပ်ဟု မဘသ ဆရာတော်မိန့်

Written By လွင့်မောင်မောင် on Wednesday, February 25, 2015 | 10:18 PM

 
သပိတ်မှောက်ကျောင်းသားအချို့နှင့် မဘသဆရာတော်တို့ ယင်းဆရာတော်၏ကျောင်းတိုက်၌ ယနေ့ ဆွေးနွေးခဲ့ကြစဉ်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅။    ။အမျိုးသားပညာရေး ဥပဒေကြမ်းပါ ပြင်ဆင်/အသစ်ထည့်သွင်းထားသည့် အချက်များကို မဘသ (အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့) ဆရာတော် ဦးပါမောက္ခနှင့် သပိတ်မှောက် ကျောင်းသားများ ယနေ့ နံနက်ပိုင်း ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းအပေါ် ကျေနပ်အားရမှု ရှိသည်ဟု ဆရာတော်က Yangon Globe ကို မိန့်ကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ သပိတ်မှောက် ကျောင်းသားများ ဖြစ်သည့် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်၊ ကိုသီဟဝင်းတင် တို့က ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ် ၅၀ ကွေ့ရှိ ဆရာတော်၏ ကျောင်းတိုက်သို့ ရောက်ရှိဆွေးနွေးခဲ့ပြီးနောက် ဆရာတော်က ပညာရေး ဥပဒေကြမ်းအပေါ် သဘောတူညီမှုရှိသည်ဟု မိန့်ကြားခဲ့ခြင်းဖြစ်သည်။
သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မိခင်ဘာသာစကား စသည့် ပညာရေးဥပဒေကြမ်းပါအချက်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။
“မိခင် ဘာသာစကားနေရာမှာ တိုင်းရင်းသား ဘာသာစကားကို ပြောင်းလဲပေးနိုင်တယ်လို့ ပြောတယ်။ မူလ ရည်ရွယ်ချက်ကလည်း အဲဒီအတိုင်းပဲ ဖြစ်တယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာ အားရကျေနပ်မှုရှိပါတယ်” ဟု ဆရာတော်က မိန့်သည်။

အမျိုးသားပညာရေး ဥပဒေကြမ်းပါအချက်များသည် အမျိုး၊ ဘာသာ၊ သာသနာအရေးအတွက် စိုးရိမ်ဖွယ်များ ရှိနေသည်ဟု အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သပိတ်မှောက်ကျောင်းသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ် သည်။ အမျိုးသားပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်ထံသို့ လိပ်မူပြီး အကြံပြုချက်များ ပေးပို့ခဲ့သည်။

ယနေ့ဆွေးနွေးချက်များကို မဘသအနေဖြင့် ကျေနပ်မှုရှိသော်လည်း ရဟန်း၊ ရှင်၊ လူအပေါင်း ကျယ်ကျယ်ပြန့်ပြန့် သိမြင်နိုင်စေရန် အတွက် မဘသနှင့် သပိတ်မှောက် ကျောင်းသားများ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

The Yangon Globe
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template