Headlines News :
Home » » ပဲခူးတွင် စပိန်နိုင်ငံသားတဦး အကြမ်းဖက်တိုက်ခိုက်ခံရ

ပဲခူးတွင် စပိန်နိုင်ငံသားတဦး အကြမ်းဖက်တိုက်ခိုက်ခံရ

Written By လွင့်မောင်မောင် on Wednesday, February 25, 2015 | 3:46 PM

အကြမ်းဖက်တိုက်ခိုက်ခံရသည့် စပိန်နိုင်ငံသား (ဓာတ်ပုံ - ko kyi facebook)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အ၀င်နားမှာ အမည်မသိလူတစုက ဓားနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် စပိန်နိုင်ငံသား မစ္စတာ ကားလ်လို့စ်(Callos) ဒဏ်ရာရသွားတယ်လို့ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူကပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ည ၁၁ နာရီလောက်က ရန်ကုန်ဘက်ကနေလာတဲ့ အဆိုပါ စပိန်နိုင်ငံသားဟာ စက်ဘီးစီးလာစဉ် အမည်မသိလူတစုက ဓားနဲ့ ခုတ်မှု ဖြစ်ခဲ့တာလို့ ပဲခူးမြို့နယ် နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူက စက်ဘီးနဲ့လာတယ်လို့ပြောတယ်။ ၀င်လာတာက ည ၁၁ နာရီလောက်မှာမြို့ပြင်မှာဖြစ်တာ။ သူက ညတယောက်တည်း လာတယ်ဆိုတော့ လမ်းမှာ ကောင်လေးတွေနဲ့ တိုက်မိတဲ့သဘောလို့ အဲလိုသုံးသပ်တာပေါ့နော်။ ဒါပေမယ့် သေချာတော့ မသိရသေးဘူး။ ဖြစ်စဉ်အသေးစိတ်ကတော့ သူပြောတဲ့ ဟာကိုစကားပြန် ပြန်ပေးရလောက်ပဲ သိရတာ။”

တိုက်ခိုက်ခံရမှုကြောင့် စပိန်အမျိုးသားဟာ ဦးခေါင်း၊ မျက်နှာနဲ့ ခြေတွေလက်တွေမှာ ဒဏ်ရာ ၁၃ ချက်ရရှိခဲ့ပြီး ပဲခူးမြို့နယ်ပြည်သူဆေးရုံမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပဲခူး အမှတ် ၃ ရဲစခန်း မှတ်တမ်းအရ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ စပိန်ုနိုင်ငံသားဟာ ရန်ကုန်ကနေဆင့် သူ့နိုင်ငံကို ပြန်မယ်လို့ ပြောဆို ကြောင်း အမှတ် ၃ ရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အကြောင်းနဲ့ တိုက်ခိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေဆဲပဲလို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာတော့ အဲဒီ စပိန်နိုင်ငံသားဆီကနေ အမည်မသိလူတစုက အမေရိကန်ဒေါ်လာ ၉၀၀နဲ့ စပိန်ငွေ ၄၀၀ ကျော်နဲ့ စက်ဘီးအ၀တ်အစားကျောပိုးအိတ်ကို လုယူသွားတယ်လို့ ဖော်ပြပေမယ့် အမှတ် ၃ ရဲစခန်းကို မေးမြန်းရာမှာတော့ အမှုစစ်အရာရှိ မရှိလို့ အသေးစိတ်ဖြေကြားခြင်း မရှိပါဘူး။

By နော်နိုရင်း(ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template