Headlines News :
Home » » ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ်ညှိုးမှိန်စေနိုင်ဟု ကျန်းမာရေးဒုဝန်ကြီးပြော

ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ်ညှိုးမှိန်စေနိုင်ဟု ကျန်းမာရေးဒုဝန်ကြီးပြော

Written By လွင့်မောင်မောင် on Wednesday, February 25, 2015 | 10:20 PM



ကွမ်းစားတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူ့ရဲ့ဥပဓိရုပ်နဲ့ နိုင်ငံပုံရိပ်ကို ညှိုးမှိန်စေတဲ့ လုပ်ရပ်ဖြစ် ကြောင်း သတိပေး ဟောပြော ဆောင်ရွက် နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် အမျိုးသားလွှတ်တော်မှာ ရန်ကုန်တိုင်း မဲဆန္ဒ နယ်အမှတ်(၃) အမတ် ဦးဖုန်းမြင့်အောင်က ကွမ်းယာစားသူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကွမ်းယာဆိုင်တွေမှာ သတိပေးစာတမ်းတွေထားနိုင်ရေးကိစ္စ မေးမြန်းရာမှာ ၀န်ကြီးက ဖြေကြား သွားတာပါ။

ဒု-ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က မြန်မာနိုင်ငံဟာ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ ဆေးပါတဲ့ ကွမ်းစားမှုနှုန်း အများဆုံးဖြစ်နေပြီး ကွမ်းစားခြင်းနဲ့ ဆက်နွှယ်တဲ့ ခံတွင်းကင်ဆာအပါအဝင် ကင်ဆာရောဂါဖြစ်ပွားမှု များလာတယ်လို့ ဖြေကြားသွားပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ကွမ်းစားခြင်းကို ရှောင်ကြဉ် သင့်ကြောင်း နေပြည်တော်အပါအ၀င် နိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်းတွေမှာ ပြည်သူတွေကို အသိပညာပေး အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့လည်း ဒုဝန်ကြီးကပြောကြားသွားပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template