Headlines News :
Home » , » အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး

အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး

Written By လွင့်မောင်မောင် on Tuesday, February 24, 2015 | 11:23 PM


ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်ပါဟန်မြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တရားမ၀င် မြန်မာအလုပ်သမား ၅၄ ဦး တင်ဆောင်လာတဲ့ ကား ၈ စီးကို ရပ်တန့်ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

တရားမ၀င်မြန်မာအလုပ်သမားတွေကို အာရှလမ်းမကြီးကနေ ဘန်ကောက်မြို့ကို ပို့ဆောင်မယ်လို့ သတင်းရပြီးနောက် တာဝန်ရှိသူတွေက ဒီကနေ့ ကြားဖြတ်ဖမ်းဆီးခဲ့တာလို့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အယုဒ္ဓယရုံးရဲ့ လက်ထောက်ညွန်ကြားရေးမှူးကပြောပါတယ်။
ဖမ်းဆီးမိသူတွေထဲမှာ မြန်မာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၃ ဦးပါဝင်ပြီး အားလုံးကို တရားမ၀င်ဝင်ရောက်မှုနဲ့ တရားစွဲ နေရပ်ပြန်ပို့မယ်လို့ဆိုပါတယ်။

အာဏာပိုင်တွေက ရပ်တန့် ဖမ်းဆီးခဲ့တဲ့ ကား ၈ စီးထဲက ၃ စီးဟာ မီတာတက္ကစီကားတွေဖြစ်ပြီး ထိုင်းကားမောင်းသမားတွေကိုလည်းဖမ်းဆီးထားကာ အလုပ်သမားတွေကို တရားမ၀င်ပို့ဆောင်မှု အပြင် လူကုန်ကူးမှုနဲ့ပါ တရားစွဲခံရနိုင်တယ်လို့ သတင်းမှာရေးပါတယ်။

မြန်မာအလုပ်သမားတွေဟာ မြန်မာနယ်စပ် တာချီလိတ်တစ်ဖက်ခြမ်းမှာရှိတဲ့ ချင်းရိုင်ခရိုင် မယ်ဆိုင်ကနေ ဘန်ကောက်မြို့က အလုပ်ရှင်ဆီမှာ အလုပ်လုပ်ဖို့ပို့ ဆောင်ပေးခဲ့ရ တယ်လို့ ကားမောင်းသမားတွေက ပြောပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template