၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါသည်။
၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ဈေးကွက်တင်ရောင်းချနေသည့် အလှ ကုန်ပစ္စည်းများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ဈေးများမှဝယ်ယူစစ်ဆေးခဲ့ရာ အောက်ဖော်ပြပါအလှကုန်ပစ္စည်း
ခြောက်မျိုးသည် အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင်
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ
ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန်မသင့်တော်ပါကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်-
၃။ အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထု သုံးစွဲခြင်းမပြုကြရန်နှင့် တင်သွင်း၊ ဖြန့်ဖြူးရောင်းချမှု များကိုတွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေ ညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
The Mirror Daily