Headlines News :
Home » » ကျောက်ပန်းတောင်းမြို့နယ်တွင် လွှတ်ကျောင်းစနစ်ဖြင့် လွှတ်ထားသောနွားအချို့ကူးစက်မြန်ထောင့်သန်းရောဂါဖြင့် သေဆုံး

ကျောက်ပန်းတောင်းမြို့နယ်တွင် လွှတ်ကျောင်းစနစ်ဖြင့် လွှတ်ထားသောနွားအချို့ကူးစက်မြန်ထောင့်သန်းရောဂါဖြင့် သေဆုံး

Written By Live100 on Sunday, April 3, 2016 | 2:12 PM



ကျောက်ပန်းတောင်း ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ်၌ ဧပြီ ၁ ရက် နံနက်ပိုင်းက မြို့တွင်းသို့လွှတ်ကျောင်း စနစ်ဖြင့် လွှတ်ထားသော နွားအချို့ သေဆုံးမှုဖြစ်ပွားရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးဖြိုးတင့်ခိုင်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ကျော်ဝင်းနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်တို့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။

ဖြစ်ပွားပုံမှာ ဧပြီ ၁ ရက် နံနက် ၆ နာရီခန့်တွင် သီရိမင်္ဂလာရပ်ကွက် အုတ်ရေကန်အနီး၌ နွားမနှစ် ကောင်နှင့် နွားငယ်တစ်ကောင် သေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူများ၏ သတင်းပေးချက်အရ သီရိမင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟံလင်းနှင့်အတူသွားရောက်ကြည့်ရှုပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနများသို့ သတင်းပို့ခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စည်ပင် သာယာရေးကော်မတီဝင် ဦးဖြိုးတင့် ခိုင်၊ အမှုဆောင်အရာရှိ ဦးကျော်နိုင် နှင့် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာကျော်ဝင်းတို့ ရောက်ရှိခဲ့ပြီး နွားသေများ၏ သေဆုံးမှုအခြေအနေနှင့် သေဆုံး နေသည့်လက္ခဏာများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
''နွားသေကို စစ်ဆေးကြည့်ရှုရတဲ့ အခြေအနေကတော့ ကူးစက်မြန် ထောင့်သန်းရောဂါနဲ့ သေဆုံးကြတာ လို့ပဲ ကောက်ချက်ချလို့ရပါတယ်။ နွား ပိုင်ရှင်တွေကို ခေါ်ယူမေးမြန်းကြည့် တဲ့အခါမှာလည်း ဒီထောင့်သန်း ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ မထိုးဖူးခဲ့ဘူးလို့သိရပါတယ်။ ကူးစက် မြန်ရောဂါဖြစ်တဲ့အတွက် အဲဒီနွားသေ တွေကိုလည်း နွားပိုင်ရှင်ကို အကျိုး အကြောင်း နားလည်အောင်ရှင်းပြပြီး တော့ စည်ပင်သာယာရဲ့ အကူအညီနဲ့ ပဲ မြေမြှုပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဌာနအနေနဲ့လည်း အဲဒီနွားပိုင်ရှင်နေတဲ့ ကြွယ်ဝ တောင်ရွာလေးရှိ နွားတွေကို ကာကွယ်ဆေးထိုးပေးပြီး အသိပညာ ပေးဟောပြောပွဲလေးတွေ လုပ်သွား ဖို့ စီစဉ်နေပါတယ်''ဟု တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ဝင်း က ပြောသည်။

သေဆုံးသွားသော နွားသုံးကောင် မှာ သားဆယ်ကြိမ်ကျပြီး နွားမကြီးတစ်ကောင်(ယခုမျိုးခြောက်လခန့်ရှိ)၊ နှစ်လသားအရွယ် သားကျပြီးစ နွား မတမ်းတစ်ကောင်နှင့် နွားပိုက်ကလေး တစ်ကောင်ဖြစ်ကြောင်း သိရသည်။ နွားပိုင်ရှင်များမှာ အောင်မင်္ဂလာ ရပ်ကွက်အနီးမှ အိမ်ခြေ ၃ဝ ခန့်ရှိ သော ကြွယ်ဝတောင်ကျေးရွာလေးမှ ဖြစ်ကြပြီး ယခင်က နွားခြောက် ကောင်ပိုင်ဆိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့ နွားတွေကို နေပူ လွန်းလို့ အိမ်မှာတင် တစ်နေကုန်ချည် ထားတာပါ။ ညနေ ခြောက်နာရီ လောက်မှ လွှတ်လိုက်တာ၊ နောက်နေ့ မနက်ရောက်တော့ နွားတွေသေနေ လို့ လာကြည့်လှည့်ကြဦးခေါ်လို့ သိရ တာပါ။ အရင်ကတော့ ထောင့်သန်း ရောဂါကာကွယ်ဆေးလည်း တစ်ခါမှ မထိုးခဲ့ဖူးပါဘူး။ လွှတ်လိုက်တုန်းက လည်း နွားတွေအကုန်လုံး လန်းလန်း ဆန်းဆန်းပါပဲ။ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ သေမှသာ ဆရာဝန်က ထောင့်သန်းရောဂါနဲ့ သေတာလို့ ပြောလို့သိရတာ။ အိမ်တောင် ပြန်မယူ ရပါဘူး။ စည်ပင်ကားကြီးနဲ့ သယ် သွားပြီး သုသာန်မှာ မြေမြှုပ်လိုက်တာ ပါ။ နွားမကြီးက မျိုးခြောက်လလောက် ရှိနေပြီ။ အရင်လည်း ဆယ်သား ကျပြီးသားပါ။ နွားမတမ်းကတော့ ပြီးခဲ့တဲ့နှစ်လကမှ တစ်သားကျထား တာ။ နွားထီးလေးကတော့ အငယ် လေးပါ''ဟု ကြွယ်ဝတောင်ကျေးရွာ လေးမှ နွားပိုင်ရှင် ဦးမြသန်းက ပြောသည်။

အဆိုပါ ကျေးရွာငယ်လေးတွင် နွားအကောင် ၂ဝ ခန့်သာရှိပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထောင့်သန်းရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပညာပေးဟောပြော ခြင်းများ ဆောင်ရွက်သွားရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)
https://www.facebook.com/MYANMAALINNNEWS
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template