မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဝေဟင်ပစ်
ပဲ့ထိန်းဒုံးစနစ်သစ်လို့ဆိုတဲ့ စမ်းသပ်ပစ်လွှတ်မှုတွေ
သွားရောက်ကြည့်ရှုစစ်ဆေးနေပုံတွေကို အစိုးရပိုင်ရုပ်သံက ဧပြီ ၂ ရက်နေ့က
ပြသခဲ့ပါတယ်။
မြေပြင်မှ ဝေဟင်ပစ်ပဲ့ထိန်းဒုံးပစ်ခတ်မှုတွေ၊ ပစ်မှတ်ထိမှန်ပုံတွေကို
ပြသခဲ့ပြီး ပစ်ခတ်ခဲ့တဲ့ အချိန်နဲ့ နေရာကိုတော့ အစိုးရပိုင် (ကေအာတီ)
ရုပ်သံက ဖော်ပြခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း ဒုံးကျည်တစင်း
ပင်လယ်ထဲ ပစ်ခတ်ခဲ့ပါသေးတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တို့
မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားနဲ့ ဒုံးကျည်ပစ်ခတ်မှုအစီအစဉ်တွေအတွက်
ဆက်လက်ဖိအားပေးဖို့ သဘောတူညီခဲ့ကြအပြီး နာရီပိုင်းအကြာမှာပဲ ပစ်ခတ်ခဲ့တာပါ။
ဧပြီ ၁ ရက်နေ့က ပစ်ခတ်မှုဟာ တာတိုပစ်ဒုံးကျည်ဖြစ်တယ်လို့
တောင်ကိုရီးယားနိုင်ငံကပြောဆိုပြီး အကွာအဝေးကိုတော့ စုံစမ်းမှုတွေလည်း
ဆက်လုပ်နေပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း
ကုလသမဂ္ဂရဲ့ပိတ်ပင်မှုတွေကို ဖီဆန်ပြီး တာတိုပစ်၊
တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။
DVB