Headlines News :
Home » » ထားဝယ်တွင် စိတ်ကြွဆေးပြား ရှစ်သောင်းဖမ်းမိ

ထားဝယ်တွင် စိတ်ကြွဆေးပြား ရှစ်သောင်းဖမ်းမိ

Written By Live100 on Thursday, April 7, 2016 | 1:58 PM



         မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းဓာတ်ပုံ- ဓာတ်ပုံ - Dawei Watch

ထားဝယ်ဒေသတွင် စံချိန်တင်အဖြစ် ကာလတန်ဖိုး သိန်းလေးထောင် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား အရေအတွက် ရှစ်သောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။


ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၀နှစ်အရွယ် အမျိုးသားတစ်ဦး ဧပြီလ၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် KULLKER အမျိုးအစားကားအား သတင်းအရ ရှာဖွေခဲ့ရာ ယင်းကဲ့သို့ မူးယစ်စိတ်ကြွဆေးအလုံးရေ သောင်းချီ (ကာလတန်ဖိုး သိန်းလေးထောင်တန်ဖိုးရှိ) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။


“ထားဝယ်ဒေသမှာ နှစ်ပေါင်းများစွာအတွင်း ပမာဏ အများဆုံး ဖမ်းဆီးရမိခဲ့တာပဲ” ဟု ထားဝယ်ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။


ဖြစ်စဉ်မှာ ဧပြီလ ၂ရက်နေ့တွင် ထားဝယ်မြို့ရှိ DAIMON COWN ဟိုတယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပါရှိသည့် အမျိုးသားတစ်ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမပါရှိသည့် မြိတ်မြို့မှ အမျိုးသားနှစ်ဦး လာရောက်တည်းခိုနေသည်ကို ဟိုတယ်တာဝန်ရှိသူမှ မသင်္ကာသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားအား သက်ဆိုင်ရာ လ၀ကရုံးတွင် စစ်ဆေးရာ အဆိုပါနိုင်ငံသားစိစစ်ရေး ကတ်ပြားမှာ ရုံးသုံး ပုံနှိပ်စက်ဖြင့် ပုံနှိပ်၍ အတုပြုလုပ်ထားခြင်း ဖြစ်နေပြီး တည်းခိုသည့် အခန်းအား ၀င်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား ၃၂ ပြားနှင့် ငွေကျပ် ၄၈၅ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။


မူးယစ်ဆေးပြားများနှင့် ငွေများဖမ်းဆီးရမိခဲ့သည့် အဆိုပါ အမျိုးသားနှစ်ဦးအား ဆက်လက် စစ်ဆေးချက်အရ မြိတ်မြို့နေ အမျိုးသားတစ်ဦးမှ  ရန်ကုန်မှထားဝယ်မြို့သို့ရောက်ရှိလာမည့် မူးယစ်ဆေးဝါးများ ၀ယ်ယူရန် ပေးအပ်လိုက်သည့် ငွေကြေးများဖြစ်ကြောင်း သိရသည့်အတွက် ရန်ကုန်မှ ထားဝယ်သို့ မူးယစ်ဆေးပြားများ လာရောက်ပို့ဆောင်သူ အမျိုးသားအား ရန်ကုန်မှထားဝယ်မြို့သို့ လာရောက်ပို့ဆောင်စဉ် ထားဝယ်နည်းပညာတက္ကသိုလ်အရှေ့တွင် စောင့်ဆိုင်း ဖမ်းဆီး ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်သည့်အမျိုးသားအား (ပ)၁၇/၂၀၁၆  မယပုဒ်မ ၁၅/၂၀(က)/၂၁အရလည်းကောင်း၊ မြိတ်မြို့မှ အမျိုးသားနှစ်ဦးအား (ပ)၁၆/၂၀၁၆ မယပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ နှင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template