Headlines News :
Home » » သျှမ်းပြည်နယ်ဝန်ကြီး ဌာန ၈ ခုအတွက်လျာထားမှု မပွင့်လင်းဟုဆိုကာ လွှတ်တော်အစည်းအဝေး နေ့တဝက်ဖြင့် ရပ်ဆိုင်း

သျှမ်းပြည်နယ်ဝန်ကြီး ဌာန ၈ ခုအတွက်လျာထားမှု မပွင့်လင်းဟုဆိုကာ လွှတ်တော်အစည်းအဝေး နေ့တဝက်ဖြင့် ရပ်ဆိုင်း

Written By Live100 on Monday, April 4, 2016 | 8:04 PM

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့ တွင် သျှမ်းပြည်နယ်ဝန်ကြီး ဌာန ၈ ခု လျာထားခြင်းနှင့်ပတ်သက်ပြီး ထုတ်ပြ န်ကြေညာခြင်းမရှိသည့်အတွက် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ လွှတ် တော် အစီစဉ် မပြီးသေးဘဲ အစည်းအဝေး ရပ်ဆိုင်းလိုက်ရကြောင်းသိရသည် ။



အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး - ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပသည့်ချိန်တွင် ပွင့်လင်း မြင်သာ မှုရှိအောင်  ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များထံ တစ်ရက်ကြိုတင်အသိပေး သင့်ကြောင်း ၊ ယနေ့ လွှတ်တော်တွင် ခွင့်တိုင်ကြားထားသော ကိုယ်စားလှယ်အများစုသည် သျှမ်းပြည်နယ် ကို ကိုယ်စားပြုသည့် သျှမ်းတိုင်းရင်း သား ပါတီမှကိုယ်စားလှယ်များ ဖြစ်ကြောင်း ၊ ယနေ့အစည်းအဝေးတွင် ရှင်းလင်းတင်ပြသည့် အကြောင်းအရာများ ကိုလွှတ်တော်ကိုယ်စားလှယ်များစုံညီ မရှိသော်လည်း အရေးကြီး သည့် အစည်းအဝေးဖြစ် သောကြောင့်အကျိုး အကြောင်းနှင့်လျော်ညီအောင် ဆောင် ရွက်ပေးကြောင်း သျှမ်းပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ လည်းဖြစ်သည့် ဦးစဝ်အောင်မြတ် ဆွေးနွေး တင်ပြ ခဲ့သည် ။


" လျာထားတဲ့ ဝန်ကြီး ၈ နေရာနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ခြင်းမရှိတဲ့ အတွက် ဒီဝန်ကြီး ၈ နေရာနဲ့ ပတ်သက် ပြီး ကျနော်တို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ် ။ ဘယ်ဌာနတွေဖြစ်တယ် ဆိုတာ ကျနော်တို့ သမ္မတကြီးကနေပြီးတော့ ထိပ်တန်းလျို့ဝှက်ချက်နဲ့ လာ သည်ဖြစ်စေ၊ကန့်သတ်အဆင့်အတန်း နဲ့လာသည်ဖြစ်စေ ပြည်နယ် လွှတ်တော်ဟာ ကျနော်တို့သျှမ်းပြည်နယ်အတွက် အမြင့်ဆုံးအစည်းအဝေးဖြစ်တဲ့ အတွက် ဒါတွေကို ပွင့်လင်းမြင်သာစွာနဲ့တင်ပြပြီး ဝန်ကြီးဌာနတွေကို အရင် ရှင်း လင်းတင်ပြပြီးမှ  အဲ့ဝန်ကြီးဌာနနဲ့ ပြည်နယ်ဝန်ကြီးချုပ် ကနေပြီးတော့ အမည်စာရင်းတင်သွင်းတဲ့  အစီစဉ်ဖြစ်သင့်ပါတယ် " ဟု ၄င်းက ဆက်ဆွေးနွေး ခဲ့သည် ။


လောက်ကိုင်မဲဆန္ဒနယ် အမှတ် (၁) ဦးအောင်သန်းထွဋ်မှ ယနေ့အစီစဉ် အားလုံး သည် လွှတ်တော်ရောက်မှ သိရ ခြင်းဖြစ်ပြီး  ထိုသို့သော နည်းလမ်း မှာ ဒီမိုကရေစီနည်းလမ်း မဟုတ်ကြောင်း ၊ လွှတ်တော်အမတ်များအားလုံး ကိုအသိပေးပြီး  သျှမ်းပြည်နယ်၏ အကျိုးကို  မျှမျှတတဆောင်ရွက်သင့်ကြောင်း ယနေ့လွှတ်တော်တွင် ဆွေးနွေး ခဲ့ကြသည် ။


" ဒီရောက်မှ သိရတဲ့အချက်တွေရယ် နောက်ပြီးတော့ ဒီနေ့ရောက်မှ ပျက် ကွက် တဲ့လူက SNLD အများစုဖြစ်နေ တယ် ။ ဒါကြောင့်မို့လို့အားလုံး ဟာ  အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချတဲ့အခါမှာ စုံစုံညီညီနဲ့ အားလုံးရှိစေချင်တယ် ဦးတို့က ထပြီးတင်ပြတဲ့ သဘောပါ ။ သျှမ်းတိုင်းရင်းသားများအတွက် ဖြစ်သင့် တာကို တင်ပြတာပါ " ဟု ၄င်းက  သျှမ်းသံတော်ဆင့်ကို ပြောသည် ။


ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော်ပထမပုံမှန် အစည်းအဝေး နဝမနေ့ တွင် လွှတ်တော်အမတ် ၁၃၇ ဦးရှိ သည့်အနက်ပျက်ကွက်သူ ၂၇ ဦးရှိပြီး အများစုတွင် သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအချုပ် ကျားခေါင်း ပါတီ(SNLD ) ဖြစ်ကြောင်း သိရသည် ။


သျှမ်းပြည်နယ် ဝန်ကြီး ၈ နေရာအားလုံးသိထားပြီးမှ ကိုယ်စားလှယ် များ ထောက်ခံလိုခြင်း ကန့်ကွက်လိုခြင်း ကိစ္စရပ်များကို စဉ်းစားသုံးသပ်နိုင် ရန် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပဖို့အတွက် အနည်းဆုံး အချိန် ၃ ရက် ပေးသင့်ကြောင်း ဒုတိယ ဥက္ကဌ က  ဆွေးနွေးတင်ပြ ထားသော်လည်း ဧပြီလ ၅ ရက်နက်ဖြန် တွင် လွှတ်တော် ပြန်လည်စတင်မည် ဖြစ်ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template