Headlines News :
Home » » သံဖြူဇရပ်မြို့၊ဝယ်ဝင်္ကရာ ကျေးရွာတွင် ဆေးကြောင်နေသူတစ်ဦးက လူခြောက်ဦးကို ဓားဖြင့်ခုတ်သတ်၍ နေ အိမ်များကို မီးရို့

သံဖြူဇရပ်မြို့၊ဝယ်ဝင်္ကရာ ကျေးရွာတွင် ဆေးကြောင်နေသူတစ်ဦးက လူခြောက်ဦးကို ဓားဖြင့်ခုတ်သတ်၍ နေ အိမ်များကို မီးရို့

Written By Live100 on Monday, April 4, 2016 | 7:56 PM



မော်လမြိုင်၊ ဧပြီ ၄ ။ ။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာဘက်တွင် ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်က မူးယစ်ဆေးကြောင်နေသူ ဦးယုန်က ဓါးဖြင့်လိုက်လံခုတ်ရာ လူခြောက်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရကာ နေအိမ်လေးလုံး မီးရို့ မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။


ဝယ်ဝင်္ကရာကျေးရွာနေ ဦးယုန်သည် ဝယ်ဝင်္ကရာကျေးရွာအတွင်းရှိ လူများကို ဓားဖြင့်ခုတ် သတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ကို မီးဖြင့်ရှို့ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအတွင်းနေထိုင်သောရွာသားများထံမှ သိရသည်။

ထို့ပြင် ပြည်သူစစ်တစ်ဦးထံမှ AK 4သေနတ်အားလုယူခဲ့သောကြောင့် အဆိုပါဆေးကြောင်နေသူကို သံဖြူဇ ရပ်မြို့နယ်ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး နှင့် (တ.တ.က.၄)နယ်မြေခံတပ်ရင်းပူးပေါင်းအဖွဲ့က ပူးပေါင်းဝင်ရောက်၍ အသေပစ်သတ်ခဲ့ကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။.

ယင်းမီးလောင်မှုကြောင့် အိမ်လေးလုံပျက်ဆီးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ သိန်းကျော်ရှိခဲ့ပြီး သံဖြူဇ ရပ်မြို့နယ်ရဲစခန်းက (ပ-၆၄/ ၂၀၁၆ /ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂/၄၃၆)ဖြင့်အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

ထို့ပြင် ဒဏ်ရာရရှိသူများကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဓါတ်ပုံ - ကိုနှင်းမောင်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template